ဖေဖော်ဝါရီ(၂)ရက်ကအီတလီနိုင်ငံကကားလမ်းတစ်လမ်းမှာရာသီဥတုဆိုးတာကြောင့်ကားတွေထဲပိတ်မိနေတဲ့လူ(၂၀၀)ကိုမီးသတ်သမားတွေကကယ်ဆယ်ခဲ့ပါတယ်။ A-22လမ်းမမှာ နှင်းတွေကျခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီးသွားချင်တဲ့နေရာ တွေရောက်ဖို့ လူတွေကအချိန်အကြာကြီးစောင့်ခဲ့ရတာပါ။ သြစကြီးယားနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ဆက်ထားတဲ့ အဲဒီလမ်းပိုင်း မှာ ကားပိတ်တာ(၁၆)ကီလိုမီတာလောက်ရှိတယ်လို့ အီတလီမြောက်ပိုင်း၊ “ဘော်လ်ဇာနို”ပြည်နယ်မီးသတ်တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောတယ်ဆိုပြီး ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။ ရေခဲမှတ်အောက်ရောက်နေတဲ့အပူချိန်မှာကားထဲ ထိုင်နေရတဲ့လူတွေကိုမီးသတ်သမားတွေကဘေးလွတ်ရာပို့ပေးခဲ့တယ်လို့လည်းသူကပြောပါတယ်။ အထိအခိုက်ရှိတယ် ဆိုပြီးအစီရင်ခံတာတော့မရှိပါဘူး။ ဆောင်းရာသီအတွက်ပြင်ဆင်မှု မလုပ်ထားတဲ့ ကားတွေကလည်း ရာသီဥတုဆိုးတာ ကြောင့် လမ်းကြောင်းပြောင်းခဲ့ရပြီးလမ်းတွေပိတ်ခဲ့ပါတယ်။ အဲဒီလမ်းပေါ်မှာပဲ ဖေဖော်ဝါရီ(၂)ရက်မှာ နှင်းတောင်ပြိုခဲ့ပေမဲ့ အဲဒီလမ်းပိုင်းမှာတော့ ကားတစ်စီးမှမရှိခဲ့ပါဘူး။ နေ့ခင်းပိုင်းမှာကားလမ်းပြန်ပွင့်သွားပေမဲ့ ညဘက်အထိကား တော်တော် များများပိတ်နေသေးတယ်လို့လည်း သိရပါတယ်။

 

 

Related News