ဆီးရီးယားနိုင်ငံမှာ ဖေဖော်ဝါရီ(၂)ရက်က (၅)ထပ်အဆောက်အအုံ(၁)ခုပြိုကျခဲ့တာကြောင့် အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့ပါတယ်။ဆီးရီးယားနိုင်ငံ၊ “အလက်ပို”မြို့မှာ ဖေဖော်ဝါရီ(၂)ရက်ကစစ်လက်ကျန်အဆောက်အအုံ(၁)ခု ပြိုကျခဲ့တာကြောင့် ကလေး(၄)ဦး အပါအ၀င်အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။ ဆီးရီးယားခွဲထွက်ရေးသမားတွေ ခြေကုပ်ယူခဲ့တာကြောင့် ဆီးရီးယားနဲ့ ရုရှားတို့က ပြန်မသိမ်းခင်မှာဗုံးကြဲခဲ့တဲ့ “ဆလာဟတ်ဒင်”ခရိုင်ကအဲဒီအဆောက်အအုံပြို ကျမှုမှာကလေး(၁)ဦးပဲအသက်ရှင်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံတစ်ဝန်းမှာ ဒေသခံတွေကအပျက်အစီးတွေကြားထဲခက်ခက်ခဲခဲနေနေရပြီး ပြန်တည်ဆောက်ရေးလုပ်ငန်းတွေကလည်းနည်းနည်းပဲပြီးပါသေးတယ်။ အခြေခံအဆောက်အဦတွေပြန်တည် ဆောက်ဖို့ အားထုတ်မှုတွေကိုဆီးရီးယားအာဏာပိုင်တွေကအာရုံစိုက်နေကြပါတယ်။ ပြိုကျခဲ့တဲ့ (၅)ထပ်အဆောက်အအုံနားက တခြားအဆောက်အအုံတွေကလည်း ပြိုကျလုနီးနီးဖြစ်နေပြီလို့ AFPသတင်းဌာနကဖော်ပြပါတယ်။ အလက်ပို မြို့က အဆောက်အအုံ (၃)သောင်းကျော်ဟာအပျက်အစီးဒဏ်ခံခဲ့ရတယ်လို့ (၂၀၁၇)ခုနှစ်ကကုလသမဂ္ဂရဲ့ဂြိုလ်တုအချက်အလက်တွေမှာဖော်ပြထားပါတယ်။

 

 

Related News