သြစတြေးလျနိုင်ငံက တောင်းဗေးမြို့မှာ မိုးကြီးပြီး ဆည်ရေလျှံတာကြောင့် ရေတံခါးအားလုံးကို ဖွင့်ချလိုက်တဲ့အတွက် ပတ်ဝန်းကျင်ဒေသတွေမှာ ရေကြီးနေပါတယ်။သြစတြေးလျနိုင်ငံ၊ တောင်းဗေးမြို့မှာ စံချိန်တင်မိုးကြီးပြီး ဆည်ရေလျှံလာတာကြောင့် အနီးနားကနေရာတွေမှာ ရေကြီးနေပါ တယ်။ အခုရေကြီးမှုက တောင်းဗေးမြို့ အရှေ့မြောက်ပိုင်းဝန်းကျင်က နေထိုင်သူတွေအတွက်အသက်အန္တရာယ်ရှိနိုင်ပြီး အိမ်ခြေ (၂)သောင်းအထိ ရေလွှမ်းခံရနိုင်တယ်လို့သတိပေးထားပါတယ်။ ဒေသခံတွေကို အမြင့်ပိုင်းတွေမှာ ယာယီခိုလှုံဖို့ သတိပေးထား ပြီး မိုးရေချိန်က ပြီးခဲ့တဲ့တစ်ပတ်မှာ (၁)မီတာကျော်ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ(၃)ရက်မှာ မိုးရေချိန်မြင့်မားပြီး မုတ်သုံမိုးဆက်တိုက် ရွာခဲ့တာကြောင့် ရော့စ်မြစ်ရဲ့ ဆည်က ရေလျှံလာလို့ ရေတံခါးအားလုံးကို ဖေဖော်ဝါရီ(၃)ရက်မှာဖွင့်ချခဲ့ပါတယ်။

ဆည်ကနေ ရေ တွေဖွင့်ချလိုက်တဲ့အတွက် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနေတာကြောင့် အကူအညီလိုနေတဲ့ ဒေသခံတွေကို လှေတွေသုံးပြီး စစ်သားတွေကရှာနေကြပါတယ်။ ရေကြီးမှုကြောင့် ကွင်းစ်လန်းပြည်နယ်မှာရှိတဲ့တောင်းဗေးမြို့မှာ ကားနဲ့ တိရစ္ဆာန်တချို့ရေထဲမျောပါခဲ့ပါတယ်။ ရေကြီးမှုအခြေအနေတွေက ပြောင်းလဲနေမှာဖြစ်ပြီး နောက် ဆုံးရအခြေအနေတွေကိုစုံစမ်းဖို့နဲ့ အရေးပေါ်ဌာနရဲ့ အကြံပေးချက်တွေကို လိုက်နာရမယ်လို့ သြစတြေးလျမိုးလေ၀သ ဌာနကပြောပါတယ်။ ဆည်ရေလျှံမှုက အန္တရာယ်ရှိနိုင်တဲ့ပမာဏဖြစ်တဲ့ (၁)စက္ကန့်ကို ရေ(၁၉၀၀)ကုဗမီတာလောက်ဖောက်ချမယ် လို့လည်း ပြောပါတယ်။ ရေကြီးမှုကြောင့် နေအိမ်ထောင်ချီမှာ ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။

 

 

Related News