ပြင်သစ်တွင် ပဲရစ်က အဆောက်အအုံ(၁)ခုမှာ ဖေဖော်ဝါရီ(၄)ရက် ညပိုင်းကမီးလောင်ခဲ့တာကြောင့် လူ(၈)ဦးသေဆုံးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမြို့တော်ပဲရစ်အနောက်တောင်ပိုင်းက အဆောက်အအုံ(၁)ခုမှာ ဖေဖော်ဝါရီ(၄)ရက်က မီးလောင်မှုဖြစ်ပွားခဲ့တာ ကြောင့် အနည်းဆုံးလူ(၈)ဦးသေဆုံးပြီး မီးသတ်သမား(၃)ဦးအပါအ၀င် နောက်ထပ်လူ(၃၀)၀န်းကျင် ဒဏ်ရာရခဲ့တယ်လို့ ပြင် သစ်မီးသတ်ဌာနအရာရှိတွေကပြောပါတယ်။ ဒီမီးလောင်မှုကြောင့် နောက်ပိုင်းမှာသေဆုံးသူဦးရေထပ်တိုးလာနိုင်ပြီး မီးလောင်နေတဲ့(၈)ထပ်ရှိအဆောက်အအုံရဲ့ အပေါ်ထပ်တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေဆဲဖြစ်တာကြောင့်လို့ မီးသတ်ဌာန ပြောခွင့်ရသူကပြောပါတယ်။ မီးလောင်မှု ဘာကြောင့်ဖြစ်ပွားခဲ့ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရ သေးပေမဲ့ သံသယဖြစ်ဖွယ် အမျိုးသမီး(၁)ဦးကို ပြင်သစ်ရဲတပ်ဖွဲ့ကထိန်းသိမ်းထားပါတယ်။ မီးလောင်ဖို့ ရည်ရွယ်ချက်ရှိရှိအားထုတ်ခဲ့တာဖြစ်နိုင်တယ်လို့ ပဲရစ်အစိုးရရှေ့နေ ရီမီ ဟစ်စ် ကပြောပါတယ်။ (၁၉၇၀)ပြည့်နှစ်ပတ်ဝန်းကျင်မှာဆောက်လုပ်ခဲ့တဲ့ အဲဒီအဆောက်အအုံရဲ့ ဒုတိယထပ်ကို မီးကူးခဲ့တာကြောင့် မီးတောက်တွေနဲ့ မီးခိုးတွေကနေလွတ်မြောက်ဖို့ အနီးနားက ခေါင်မိုးတွေပေါ်ကို ဒေသခံတချို့ထွက်ပြေးခဲ့ရပါတယ်။ ခေါင်မိုးတွေပေါ်က ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ အခင်းဖြစ်ရာနေရာကို မီးသတ်သမား(၂၀၀)လောက်ပို့ပေးထားပြီး လှေကားတွေကိုသုံးပြီး လူအယောက်(၃၀)ကို ကယ်ဆယ်ထားနိုင်ပြီလို့သိရပါတယ်။

 

 

 

 

 

Related News