ကိုရီးယားကျွန်းဆွယ်နျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးအဓိကဆွေးနွေး သွားနိုင်ချေရှိတဲ့ အမေရိကန်-မြောက်ကိုရီးယားဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးကို အခုလနောက်ဆုံးရက်တွေမှာဗီယက် နမ်နိုင်ငံမှာကျင်းပသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောပါတယ်။ အခုလကုန်ပိုင်းမှာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ ဒုတိယအကြိမ်နျူကလီးယားဖျက်သိမ်းရေးထိပ်သီးအစည်းအဝေးကျင်းပမယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောပါတယ်။ ဖေဖော်ဝါရီ(၅)ရက်မှာပြောခဲ့တဲ့နှစ်စဉ်အမေရိကန်နိုင်ငံအခြေပြမိန့်ခွန်းမှာထည့်သွင်းပြောခဲ့တာပါ။ဗီယက်နမ်နိုင်ငံမှာအခုလ(၂၇)ရက်နဲ့(၂၈)ရက်တို့မှာကင်ဂျုံအန်နဲ့တွေ့ဆုံမယ်လို့ သမ္မတထရမ့်ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်မှာ ပထမဆုံးအမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီးနောက် ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးအတွက် စီစဉ်နေတာကြာပါပြီ။သူနဲ့ကင်ဂျုံအန်ကြားကဆက်ဆံရေးကကောင်းပါတယ်လို့လည်းထရမ့်ကပြောပါတယ်။

အမေရိကန်မက္ကဆီကိုနယ်စပ်မှာနယ်စပ်တံတိုင်းဆောက်မယ်လို့လည်းအဲဒီမိန့်ခွန်းအတွင်းထပ်ပြီးအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ အတိုက်အခံဒီမိုကရက်တွေကတံတိုင်းဆောက်ဖို့ကိုအစောပိုင်းကတည်းက ကန့်ကွက်ထားပြီးတံတိုင်းရန်ပုံငွေကိုအစိုးရအသုံးစရိတ်ထဲမထည့်ထားတာကြောင့် ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းကနေဇန်န၀ါရီလကုန်ပိုင်းအထိ(၁)လကျော်ကြာအမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းခဲ့ပါတယ်။ မိန့်ခွန်းမှာအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးညီညွတ်မှုရှိဖို့လည်းထရမ့်က တိုက်တွန်းခဲ့ပါတယ်။

 

Related News