ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်က (၈)ထပ်အဆောက်အအုံ(၁)လုံးမှာဖြစ်ပွားခဲ့တဲ့မီးလောင်မှုကြောင့် သေဆုံးသူ(၁၀)ဦးရှိလာပါပြီ။ပဲရစ်မြို့အနောက်တောင်ဘက်က(၈)ထပ်အဆောက်အအုံမှာ ဖေဖော်ဝါရီ(၄)ရက်ကဖြစ်ပွားခဲ့တဲ့မီးလောင်မှုကြောင့် ကလေး(၁) ဦးအပါအ၀င် လူ(၁၀)ဦးသေဆုံးခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေကပြောပါတယ်။ မီးသတ်သမား(၆)ဦးအပါအ၀င် လူ(၃၀) ကျော်ဒဏ်ရာရခဲ့ပြီး လူ(၁)ဦးကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ လူ(၅၀)ဦးကို မီးတောက်တွေထဲကနေ လှေကား တွေသုံး ပြီး ကယ်ဆယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပဲရစ်ရဲ့သေဆုံးမှုအများဆုံဖြစ်ခဲ့တဲ့အခုမီးလောင်မှုဟာ ရှို့မီးကြောင့်လို့ စုံစမ်း စစ်ဆေးရေးမှူးတွေကပြောပါတယ်။ မသကာင်္ဖွယ်အမျိုးသမီး(၁)ဦးကို ပြင်သစ်ရဲတပ်ဖွဲ့ကထိန်းသိမ်းထားပြီး သူ့ရဲ့အပြုအမူတွေ ကိုစစ်ဆေးပြီးတဲ့နောက် ပဲရစ်ရဲတပ်ဖွဲ့စိတ်ကျန်းမာရေးဆေးရုံကို ပို့ထားပါတယ်။ နိုင်ငံဟာ ၀မ်းနည်းစရာကောင်းတဲ့အဖြစ်ဆိုးနဲ့ တွေ့ကြုံခဲ့ရပြီး ပြင်သစ်မီးသတ်တပ်ဖွဲ့ရဲ့ရဲစွမ်းသတ္တိကိုချီးကျူးတယ်လို့  ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောပါတယ်။ မီးထိန်းနိုင်ဖို့ မီးသတ်သမားအယောက်(၂၅၀)ကကြိုးပမ်းခဲ့ပြီး မီးလောင်တဲ့အဆောက်အအုံက ကားဝင်ဖို့မလွယ်တာကြောင့် မီး သတ်ကားမ၀င်နိုင်ဘဲ  ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ပါတယ်။ (၅)နာရီကြာမီးငြိမ်းသတ်ပြီးတဲ့နောက်မှာ မီးထိန်းနိုင်ခဲ့ တယ်လို့သိရပါတယ်။

 

 

Related News