တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ (၈)ထပ်အဆောက်အအုံ(၁)ခုပြိုကျခဲ့တာကြောင့် လူ(၂)ဦးသေဆုံးခဲ့ပါတယ်။ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေတယ်လို့ယူဆရတဲ့လူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်ပြီးရှာဖွေနေပါတယ်။  အဆောက်အအုံက ဖေဖေါ်ဝါရီ(၆)ရက်နေ့လည်ပိုင်းမှာ ပြိုကျခဲ့တာပါ။ အဆောက်အအုံရုတ်တရက်ပြိုကျခဲ့ပြီးနောက်  အပျက်အစီးအပိုင်းအစတွေထဲ ကဖုန်မှုန့်တွေကြောင့် ပြိုကျတဲ့အဆောက်အအုံထဲကနေ လူတွေထွက်ပြေးခဲ့ကြတယ်လို့ လုံခြုံရေးကင်မရာမှတ်တမ်းတွေမှာတွေ့ ရပါတယ်။ လူ(၆)ဦးဒဏ်ရာရခဲ့တယ်လို့လည်း အစ္စတန်ဘူလ်အာဏာပိုင်တွေကပြောပါတယ်။ အဲဒီအဆောက်အအုံမှာ အိမ် ထောင်စု(၁၄)စု၊ လူ(၄၃)ဦးနေထိုင်တယ်လို့လည်းသိရပါတယ်။ ပြိုကျတဲ့အချိန်မှာ အဆောက်အအုံထဲမှာ လူဘယ်နှစ်ဦးရှိတယ် ဆိုတာကိုတော့မသိရသေးပါဘူး။ အဆောက်အအုံမှာ စက်ရုံငယ်(၁)ခုလုပ်ငန်းလည်ပတ်နေတယ်လို့ အစီရင်ခံစာ(၁)ခုမှာဖော်ပြ ထားပါတယ်။ ပြိုကျရတဲ့အကြောင်းရင်းကို အခုထိမသိရသေးဘူးလို့ မြို့ပြအရာရှိတွေကပြောပါတယ်။ အဆောက်အအုံက မူလ က(၅)ထပ်ဖြစ်ပြီး အပေါ်ဆုံး(၃)ထပ်က တရားမ၀င်ဆောက်လုပ်ထားတယ်လို့လည်း ပြောပါတယ်။

 

 

Related News