ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေရိုမြို့မှာ ဖေဖော်ဝါရီလ(၇)ရက်က မုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် လူ(၆)ဦးသေဆုံးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့ကို ဖေဖော်ဝါရီလ(၇)ရက်က မုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် လူ(၆)ဦးသေဆုံးခဲ့ပါတယ်။ မုန်တိုင်း အရှိန်ကြောင့် ရီယိုဒီဂျနေရိုမြို့ရဲ့ထင်ရှားပြီး ခရီးသွားတွေလာတာများတဲ့နေရာတွေနဲ့ ရပ်ကွက်တွေဟာ ဖေဖော်ဝါရီလ(၆)ရက် ညမှာ လေတိုက်နှုန်းတစ်နာရီ(၁၁၀)ကီလိုမီတာနှုန်းအထိ တိုက်ခတ်ခံခဲ့ရတာပါ။ လူ(၆)ဦးသေဆုံးပြီး လူ(၂)ဦးကကားမောင်းနေ တုန်း မြေပြိုမှုကြောင့်သေဆုံးခဲ့တာလို့ ဘရာဇီးအာဏာပိုင်တွေကပြောပါတယ်။ ဇန်န၀ါရီလဟာ ပြီးခဲ့တဲ့(၉၇)နှစ်အတွင်း ရီယိုဒီဂျ နေရိုမြို့ရဲ့အပူဆုံးလဖြစ်ခဲ့ပြီးနောက် အခုမုန်တိုင်းဖြစ်ပေါ်ခဲ့တာပါ။

“အိုင်ပါနီးမား(စ်)”ကမ်းခြေနားက “အာပေါ်ဒေါ”ကျွန်းမှာ ရွက် လှေ(၁)စီးက ကမ်းခြေပေါ်သောင်တင်ခဲ့ပါတယ်။ လူ(၁)ဦးနဲ့ကားတွေရေစီးနဲ့မျောပါခဲ့တယ်လို့ ရုပ်သံသတင်းတွေမှာဖော်ပြခဲ့ပါ တယ်။ ရီယိုဒီဂျနေရိုမြို့ဟာ ဖေဖေါ်ဝါရီလ(၇)ရက်နောက်ပိုင်းမှာလည်း မိုးဆက်ကြီးနိုင်ပြီး အန္တရာယ်ကနေလွတ်သေးတာမဟုတ် ဘူးလို့ ရိုယိုဒီဂျနေရိုမြို့တော်ဝန်“မာဆယ်လို ခရီဗယ်လာ”ကပြောပါတယ်။ မိုးကြီးတာ၊ လေပြင်းတိုက်တာတွေလျော့နည်းဖို့မရှိ ဘူးလို့လည်း ပြောပါတယ်။ လူတွေကို အန္တရာယ်ကင်းတဲ့နေရာမှာ နေထိုင်ဖို့လည်း သတိပေးထားပါတယ်။

 

 

Related News