အခုဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျင်းပမယ့် အမေရိကန်-မြောက်ကိုရီးယားဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ကောင်းမွန်တဲ့ ထိပ်သီးဆွေးနွေးပွဲဖြစ်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ(၇)ရက်မှာပြောပါတယ်။ ထိပ်သီး ဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံမှာ ဖေဖော်ဝါရီ(၂၇ရက် ကနေ ၂၈)ရက်ထိကျင်းပသွားမယ်လို့ အခုတစ်ပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်၊ ဇွန်လက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ထိပ်သီးဆွေး နွေးမှာ ရှေ့ဆက်လုပ်ဆောင်မယ့်ခြေလှမ်းသစ်တွေအပေါ် ပြီးပြည့်စုံတဲ့ကတိက၀တ်တွေကို သဘောတူနိုင်ဖို့ (၂)နိုင်ငံစလုံးက ကြိုးပမ်းခဲ့ကြပြီး အဲဒီထဲမှာ နျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးနဲ့ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး တည်ဆောက်ရေး စတဲ့ကိစ္စရပ်တွေလည်းပါဝင်ခဲ့တာပါ။

ကောင်းမွန်တဲ့ထိပ်သီးဆွေးနွေးဖြစ်ဖို့ သူတို့မျှော်လင့်နေတယ်ဆိုပြီး အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရောဘတ် ပလာဒီနို ကသတင်းစာရှင်းလင်းပွဲ(၁)ခုမှာပြောပါတယ်။ နျူကလီး ယားအပြီးသတ်ဖျက်သိမ်းရေး ပြီးဆုံးတဲ့အချိန်အထိ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုတွေကျန်နေဦးမယ်လို့လည်းပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပလာဒီနိုကပြောပါ တယ်။ 

 

                                                              

Related News