ဒုတိယအကြိမ်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက်မရခဲ့တာဟာ အမေရိကန် ကြောင့်လို့ မြောက်ကိုရီး ယားနိုင်ငံသားတွေကအပြစ်တင်နေကြတယ်ဆိုပြီး မြောက်ကိုရီးယားအလုပ်သမားပါတီပိုင် သတင်းစာက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ(၂၇)နဲ့(၂၈)ရက်တို့မှာကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက်တစ်စုံတရာ မရခဲ့တာက အမေရိကန်ကြောင့်လို့ လူတွေကအပြစ်တင်နေကြတယ်ဆိုပြီးမြောက်ကိုရီးယား အလုပ်သမားပါတီပိုင် ရိုဒေါင်းဆင်မွမ်း သတင်းစာကသောကြာနေ့ကသုံးသပ်ချက်တစ်ခုမှာဖော်ပြခဲ့ပါတယ်။ ဒါဟာမြောက်ကိုရီးယားဘက်ကအစည်း အဝေးနဲ့ပတ်သက်ပြီးပထမဆုံး ထုတ်ဖော်ပြောခဲ့တာပါ။

နိုင်ငံတွင်းနဲ့ပြည်ပကမြောက်ကိုရီးယားနိုင်ငံသားတွေက အစည်းအဝေး မှာရလဒ်တစ်ခုထွက်ပြီးအောင်မြင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ရလဒ်မထွက်လို့ ခံစားခဲ့ရပြီးအဲဒါကအမေရိကန်ကြောင့်လို့ အပြစ် တင်နေကြတယ်ဆိုပြီးဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအန်နဲ့ မြောက်ကိုရီးယားနျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုတွေ ထပ်လုပ် ဖို့ လမ်းဖွင့်ထားတယ်ဆိုပြီးအမေရိကန်အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဂျွန် ဘော်တန်ကပြောပါတယ်။

သီးခြားဖြစ် ရပ်တစ်ခုအနေနဲ့ အခုတစ်ပတ်ထဲမှာမြောက်ကို ရီးယားရဲ့တာဝေးပစ်ဒုံးကျည်စခန်းတစ်ခုပြန်အသက်ဝင်နေတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီနဲ့ အမေရိကန် အကြံပေးအဖွဲ့နှစ်ဖွဲ့ကပြောခဲ့ပြီးမြောက်ကိုရီးယားကဒုံးကျည်တွေပြန်စမ်းသပ်နေတယ်ဆိုရင် စိတ်ပျက်စရာဖြစ်ရပ်လို့ သမ္မတထရမ့်က ပြောပါတယ်။ ဒုတိယအကြိမ်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးမှာ ကိုရီးယားကျွန်းဆွယ်နျူကလီးယား ကင်းစင်ရေးသဘောတူနိုင်မယ်လို့ အများကမျှော်လင့်ခဲ့ပေမဲ့ မြောက်ကိုရီးယားကိုပိတ်ဆို့ထားတာတွေပြန်ဖြေလျှော့ပေးရေးမှာ သဘောမတူ နိုင်ခဲ့လို့ ရလဒ်မထွက်ခဲ့ပါဘူး။

 

 

 

 

Related News