အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်ကို မတ်လ(၃)ရက်က လေဆင်နှာ မောင်းဝင်ရောက်ခဲ့လို့ အနည်းဆုံးလူ(၁၄)ဦးသေဆုံးပြီး အပျက်အစီးတွေအောက်ပိတ်မိနေသူတွေကို ကယ်ထုတ်နေရတုန်းလို့ အာဏာပိုင်တွေကပြောပါတယ်။အမေရိကန်နိုင်ငံအရှေ့တောင်ပိုင်း အလာဘာမားပြည်နယ်၊ လီကောင်တီကို မတ်လ(၃)ရက်မှာလေဆင်နှာမောင်းဝင်ရောက်ခဲ့ပြီးနောက် ကလေးတွေအပါအ၀င် အနည်းဆုံးလူ(၁၄)ဦးသေဆုံးပြီး အပျက်အစီးကြားက လူတွေကိုဆွဲထုတ်နေရသလို ဒဏ်ရာ ပြင်းထန်တဲ့လူတချို့ ကိုတော့ ဆေးရုံတင်ထားရတယ်လို့ လီကောင်တီရဲအရာရှိ ဂျေးဂျုန်းစ်ကပြောပါတယ်။ အိမ်တွေရှိတဲ့နေရာမှာ အပျက်အစီးတွေကိုဖယ်ရှားဖို့က စိန်ခေါ်မှုဖြစ်နေတယ်လို့လည်းပြောပါတယ်။

ပိုပြင်းထန်တဲ့ရာသီဥတုတွေ ပြည်နယ်မှာ ထပ်ဖြစ် လာနိုင်တယ်လို့ အလာဘာမားအုပ်ချုပ်ရေးမှူး ကေအိုင်ဗေးက တွစ်တာကတစ်ဆင့် ဒေသခံတွေကိုသတိပေးထားပါတယ်။ ပထ မဆုံးခဲ့တဲ့လေဆင်နှာမောင်းက လေတိုက်နှုန်းတစ်နာရီ (၁၆၅)မိုင်နှုန်းနဲ့ဝင်ရောက်ခဲ့တယ်လို့ အမျိုးသားမိုးလေ၀သဌာန(NWS)ရဲ့ တိုင်းတာမှုတွေအရသိရပါတယ်။ မတ်လ(၃)ရက်ညနေပိုင်းမှာ အလာဘာမားနဲ့ ဂျော်ဂျီယာပြည်နယ်တို့ကကနေရာတချို့မှာ လေ ဆင်နှာမောင်းစောင့်ကြည့်ရေးလုပ်ငန်းတွေစပြီး အသက်ဝင်နေပါပြီ။ လေဆင်နှာမောင်းဝင်ရောက်ပြီးနောက် လူ(၁)သောင်းကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။

 

 

Related News