မက္ကဆီကိုနိုင်ငံတောင်ပိုင်းက ချီရာပက်စ် ပြည်နယ်မှာလူ(၆၀)နီးပါးကို တင်လာတဲ့ကုန်တင်ကားတစ်စီးတိမ်းမှောက်ခဲ့တာ ကြောင့် အနည်းဆုံး လူ(၂၅)ဦးသေဆုံးပြီး နောက်ထပ်လူ(၃၀)နီးပါးဒဏ်ရာရခဲ့ပါတယ်။ အဲဒီမတော်တဆမှုက လူသိပ်မနေတဲ့ ဒေသမှာဖြစ် ပွားခဲ့တာဖြစ်ပြီး ဒေသအာဏာပိုင်တွေကတော့ ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ပေးခဲ့ပါတယ်။ ကုန်တင်ကားပေါ်မှာ လာတဲ့လူ အများစုက အမေရိကတိုက် အလယ်ပိုင်းက ရွှေ့ပြောင်းအခြေချသူတွေဖြစ်ပါတယ်။ ဒီကုန်တင်ကားဟာ လိုင်စင်နံပါတ်ပြားမပါ သလို အဝေးပြေးလမ်းမပေါ်က အကွေ့ တစ်ခုမှာ ထိန်းချုပ်လို့မရတော့ဘဲ တိမ်းမှောက်ခဲ့တာလို့သိရပါတယ်။

အခုဖြစ်ရပ်အတွက် ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာကို စုံစမ်းနေတယ် လို့ ပြည်နယ်ရှေ့နေရုံးကပြောပါတယ်။ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်ပေးဖို့ သူတို့ရဲ့ ဆွေမျိုး ဆီ ဆက်သွယ်ထားတယ်လို့ ချီရာပက်စ် ပြည်နယ်အထွေထွေ ရှေ့နေ အဘာကာကပြောပါတယ်။ ချီရာပက်စ်ပြည်နယ်ဟာ ဂွါတီမာလာ နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နေရာဖြစ်ပြီး မက္ကဆီကို နိုင်ငံထဲက အဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်။

 

 

Related News