ဖူကူ ရှီးမားစီရင်စုမှာ နျူကလီးယားဘေးသင့်ခဲ့တဲ့ဖြစ်ရပ်(၈)နှစ်ကြာသွားချိန်မှာ စက်ရုံတွေနလန်ထူလာနိုင်ပေမဲ့ အဲဒီဖြစ်ရပ်ရဲ့ဆိုးကျိုး တွေကတော့ လက်ရှိအချိန်အထိသက်ရောက်နေတုန်းဖြစ်နေပါတယ်။ဂျပန်နိုင်ငံ၊ ဖူကူရှီးမားစီရင်စုမှာ နျူကလီးယားဘေးဖြစ်ပွားခဲ့ပြီးနောက် (၈)နှစ်အကြာမှာ စက်ရုံတွေဟာ နလန်ထူလာနိုင်ပေမဲ့ ဆိုး ကျိုးသက်ရောက်မှုတွေကတော့ရှိနေဆဲပါ။ (၂၀၁၁)ခုနှစ်၊ မတ်လ(၁၁)ရက်က ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ပြင်း အား(၉.၀) မဂ္ဂနီကျူ့အဆင့်ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ ပြင်းထန်တဲ့ဆူနာမီတစ်ခုဖြစ်စေခဲ့ပြီး နျူကလီးယားဘေးအန္တရာယ်ကိုလည်း အစပျိုးစေခဲ့ ပါတယ်။ သဘာဝဘေး(၃)ခုဆက်တိုက်ဖြစ်ခဲ့လို့ လူ(၁၆၀၀၀)သေဆုံးခဲ့ပြီး လူ(၂၀၀၀)ကျော်ပျောက်ဆုံးခဲ့ပေမဲ့ လူ(၃)သိန်းကို တော့ကယ်တင်နိုင်ခဲ့ပါတယ်။

အဲဒီသဘာဝဘေးကြောင့် အိုင်ဝါကီမြို့က ခရီးသွားလုပ်ငန်းနဲ့ ထုတ်ကုန်စင်တာတွေကို လချီကြာ အောင်ပိတ်ခဲ့ရလို့ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ (၂၀၁၄)ခုနှစ်မှာ ဖူကူရှီးမားရဲ့နလန်ထူလာမှုအမြင့်ဆုံးဖြစ်ခဲ့ပေမဲ့ အခု(၂၀၁၉)ခုနှစ် မှာတော့ ခက်ခဲတဲ့အခြေအနေဖြစ်နေပြီး ၀င်ငွေတွေကျဆင်းခဲ့တယ်လို့ အိုင်ဝါကီခရီးသွားလုပ်ငန်းနဲ့ ထုတ်ကုန်စင်တာ အရောင်း ဌာနခေါင်းဆောင်ဟူရိုယူကီ ကိုဒါမာကပြောပါတယ်။ အားပြင်းတဲ့ အဲဒီငလျင်ကြောင့် ဖူကူရှီးမားစီရင်စုက နံပါတ်(၁)ဓာတ်အား ပေးစက်ရုံကိုထိခိုက်ခဲ့ပြီး ဆူနာမီက နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကိုရှင်းလင်းခဲ့ပေမဲ့ ရေနဲ့ မြေဆီလွှာတွေကိုညစ်ညမ်းခဲ့ပါ တယ်။

 

 

Related News