ဗင်နီဇွဲလားနိုင်ငံ မှာ (၅)ရက်ကြာလျှပ်စစ်ဓာတ်အားပြတ်တောက်မှုကိုဖြေရှင်းဖို့ ဗင်နီဇွဲလားအစိုးရက ဆောင်ရွက်နေပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ မတ်လ(၇)ရက်ကစပြီးလျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဖြစ်နေတဲ့အတွက် အရေးပါတဲ့ကျန်းမာရေး၊ ရေနဲ့ အစားအစာပေးပို့တဲ့လုပ်ငန်းတွေအတွက် လျှပ်စစ်ဓာတ်အားရဖို့ဆောင်ရွက်နေတယ်လို့ ဗင်နီဇွဲလားအစိုးရက မတ်လ(၁၁)ရက် မှာကြေညာခဲ့ပါတယ်။ ဆေးရုံတွေနဲ့ဆေးခန်းတွေမှာ အရေးပေါ်မီးအားပေးစက်တွေနဲ့ လည်ပတ်နေပြီး အိမ်ထောင်စုတွေအတွက် ရေလိုအပ်ရင် ထရပ်ကားတွေနဲ့ရေပေးဖို့စီမံဆောင်ရွက်နေပါတယ်။ မတ်လ(၁၁)ရက်ထိ ကျောင်းတွေနဲ့အစိုးရရုံးတွေပိတ်ထားဆဲ ဖြစ်ပြီး လျှပ်စစ်ဓာတ်အားအပြည့်အ၀ပြန်ရဖို့ ကြိုးစားနေပါတယ်လို့ ဗင်နီဇွဲလားအစိုးရကပြောပါတယ်။

မတ်လ(၁၁)ရက်မှာတော့ ဗင်နီဇွဲလားနိုင်ငံမြို့တော်ကရာကက်စ်က မီးပွိုင့်တွေ၊ ဓာတ်ဆီဆိုင်၊ ကော်ဖီဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ လျှပ်စစ်ဓာတ်အားပြန်ရ နေပါပြီ။ ဗင်နီဇွဲလားနိုင်ငံက ဆိုင်မွန် ဘိုလီဗာနိုင်ငံတကာလေဆိပ်မှာ လေကြောင်းခရီးစဉ်တချို့ပြန်လည်စတင်ပျံသန်းနိုင်ပါပြီ။  ကရာကက်စ်မြို့က ဘိုလီဗာပလာဇာမှာ  လျှပ်စစ်ဓာတ်အားပြတ်တောက်မှုရဲ့ အဖြစ်မှန်တွေနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သိအောင် လမ်းသွားလမ်းလာတွေကို အစိုးရ၀န်ထမ်းတွေက သတင်းစာတွေဝေနေပါတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုက အခု ထိအပြည့်အ၀မရသေးပေမဲ့ ဗင်နီဇွဲလားအစိုးရက အဆုံးထိဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ်လို့ ဗင်နီဇွဲလားအမျိုးသားလွှတ် တော်အမတ် ဂလီမန် ရာဖေးလ် မန်ဗင်နီဂတ်စ် မိုရီနို ကပြောပါတယ်။

 

 

Related News