နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့မှာမတ်လ(၁၃)ရက်ကကျောင်းနဲ့တိုက်ခန်းတွေရှိတဲ့(၃)ထပ်အဆောက်အအုံပြိုကျခဲ့လို့ လူ(၁၀)ဦးသေဆုံးပြီး နောက်ထပ် လူတော်တော်များများ ပိတ်မိနေပါတယ်။ပြိုကျခဲ့တဲ့အဆောက်အအုံမှာမူလတန်းကနေခြောက်တန်းအထိသင်ကြားပေးတဲ့မူလတန်းကျောင်းတစ်ကျောင်းရှိပြီးအဆောက်အအုံပြိုကျချိန်မှာကျောင်းထဲမှာကလေးတွေနဲ့ ဆရာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။  အဲဒီကျောင်းမှာစာရင်းသွင်းထားတဲ့ ကျောင်းသား (၁၇၂)ဦးရှိပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေလို့ ဒဏ်ရာရသူအရေအတွက်ကိုအတိအကျသိဖို့ခက်နေတယ်လို့ ဒေသအာဏာပိုင် တွေကပြောပါတယ်။ အပျက်အစီးတွေကြားကကယ်ထုတ်ထားနိုင်သူတွေကိုဆေးရုံပို့ပေးထားပြီးအဲဒီထဲကလူ(၄၁)ဦးကတော့ အခြေအနေ တည်ငြိမ်နေပါပြီ။ အဲဒီအဆောက်အအုံဟာ ဖြိုချသင့်တဲ့အဆောက်အအုံအဖြစ်သတိပေးထားတာ(၃)ကြိမ်ရှိနေပြီလို့ သိရပါတယ်။ ဘာကြောင့် ပြိုကျခဲ့ရသလဲဆိုတာကိုစုံစမ်းနေပါတယ်။

 

 

Related News