ရာသီဥတုနွေးလာတာကြောင့် တရုတ်နိုင်ငံတစ်ဝန်းကပန်းတွေလည်း စတင်ပွင့်နေကြပြီး သာယာလှပတဲ့နွေဦးရာသီရှုခင်းတွေက ခရီးသွားတွေကိုဆွဲဆောင်နေပါတယ်။ ခရီးသွားအများအပြားကသူတို့ရဲ့အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းကြပြီး အကောင်းဆုံးရှုခင်းပုံတွေနဲ့လည်း ဓာတ်ပုံရိုက်ရင်းသူတို့ရဲ့အမှတ်တရတွေကိုသိမ်းဆည်းကြပါတယ်။ ပူးကျီဟိုင် ရှုခင်းဒေသမှာ ရာသီဥတုအလွန်ကောင်းပြီး ပန်းသမုဒ္ဒရာကြီးရဲ့သဘာဝရှုခင်းတွေကလည်းအရမ်းကို လှနေတယ်လို့ လျူလို့ ခေါ် တဲ့ခရီးသွားတစ်ဦးကပြောပါတယ်။ ရှီဂျန်ပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ လျန်ဇီမြို့က ဒေသချယ်ရီဥယျာဉ်တစ်ခုမှာ ချယ်ရီပန်းပင် (၁)သိန်းလောက်ဟာအားလုံးပွင့်နေကြပြီး ဖေဖော်ဝါရီကနေ ဧပြီလအထိအဲဒီပန်းပွင့်တွေရဲ့ ရှုခင်းတွေကိုခံစားနိုင်မှာဖြစ်ပါတယ်။ ပိုင်းရှန်မြို့က ဥယျာဉ်မှာလည်း ရာသီဥတုသာယာတာကြောင့် ပိုးစာသီးတွေကို ဒေသခံတွေကခူးဆွတ်နေကြပါပြီ။ ဥယျာဉ်မှာ အခု လိုပိုးစာသီးလာခူးတာကပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့ရဲ့အရသာကလည်း သူထင်တာထက်တောင်ပိုကောင်းနေ တယ်လို့ ရှန်လို့ ခေါ်တဲ့ ခရီးသွားတစ်ဦးကပြောပါတယ်။

 

 

Related News