မြေပေါ်ပုံကျနေတဲ့ဆံပင်တွေပိုင်ဆိုင်ထားတဲ့အသက်(၁၅)နှစ်အရွယ်ယူကရိန်းနိုင်ငံသူကောင်မလေး တစ်ယောက်က ယူကရိန်းရဲ့ (၁၈)နှစ်အောက်အမျိုးသမီးတွေထဲမှာ ဆံပင်အရှည်ဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမြို့တော်ကိယက်ဗ်မှာနေတဲ့ အော်လန်နာ ကော်ဇန်ညွတ်ရဲ့ ရွှေရောင်ဆံပင်က (၂.၃၅)မီတာ(၇.၇)ပေအထိရှည်နေလို့ ဗုဒ္ဓဟူးနေ့မှာ မှတ်တမ်းဝင်ခဲ့တာပါ။ အခုလိုစံချိန်တင်နိုင်ဖို့ ကော်ဇန်ညွတ်က သူ့ဆံပင်တွေကိုနေ့တိုင်းထိန်းသိမ်းရတာပါ။ ခေါင်းလျှော်ပြီးရင်ပန်ကာသုံးပြီး အခြောက်မ ခံတတ်တဲ့ကော်ဇန်ညွတ်အတွက် ခေါင်းလျှော်ရတာနဲ့ ဖွတ်မြီးထိုးရတာတွေအတွက် အချိန်နာရီဝက်လောက်သုံးရတယ်လို့ သိရပါ တယ်။ သူ့ဆံပင်ကိုထိန်းသိမ်းဖို့ အထူးစီမံထားတာတွေမသုံးဘဲနဲ့ သာမန်ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေပဲ သုံးတယ်လို့ အော်လန်နာ ကော်ဇန်ညွတ်ရဲ့အမေမာရီနာ ကော်ဇန်ညွတ်ကပြောပါတယ်။ သူ့ရဲ့ဆံပင်ရှည်တာမြန်တာကြောင့် ယူကရိန်းအမျိုး သားစံချိန်စံညွှန်းဆိုင်ရာ မှတ်တမ်းတင်အဖွဲ့ကအံ့သြခဲ့ကြပါတယ်။ ယူကရိန်းကလူငယ်စံချိန်မှာ မှတ်တမ်းဝင်ခဲ့ပြီးတဲ့နောက် သူ့ဆံ ပင်ကိုညှပ်ပစ်ဖို့မရည်ရွယ်သေးဘူးလို့ ကော်ဇန်ညွတ်က ပြောပါတယ်။ သူ့ရဲ့အခုစံချိန်ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်များမှတ်တမ်းရဲ့ လူငယ်စံချိန်ပတ်ဝန်းကျင်မှာ ရှိနေပြီး သူကကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးအဖြစ်မှတ်တမ်းဝင်ထားတဲ့ တရုတ်နိုင်ငံက ရှူကျူးပင်ရဲ့ (၁၈)ပေ(၅)လက်မခွဲစံချိန်ကိုချိုးနိုင်ဖို့ ရည်မှန်းနေပါတယ်။

 

 

Related News