ပြီးခဲ့တဲ့ရက်ပိုင်းကအင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ ရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာတို့ကြောင့် အနည်းဆုံးလူ(၅၀)ဦးသေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးလျော့ပါးစေရေးအေဂျင်စီပြောခွင့်ရသူ ဆူပိုတိုပါဝို နူဂရိုဟိုကပြောပါတယ်။နောက်ထပ်လူ(၆၀)နီးပါးကိုလည်းဆေးရုံပို့ထားတယ်လို့ အေဂျင်စီရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းမှာသေဆုံးသူ(၄၉)ဦးကဘယ်သူဘယ်ဝါတွေဆိုတာ ခွဲခြားအတည်ပြုနိုင်ခဲ့ပြီးပါပူအာပြည်နယ်မြို့တော်ဂျာရာပူရမြို့မှာလူ(၄၂)ဦးသေဆုံးခဲ့တယ်လို့လည်းဆူပိုတိုကပြောပါတယ်။ နောက်ထပ်(၇)ဦးကတော့ မြေပြိုမှုကြောင့် သေဆုံးခဲ့တယ်လို့ ပါပူဝါပြည်နယ် ရဲထောက်လှမ်းရေးချုပ်ကပြောတယ်ဆိုပြီးအင်ဒိုနီးရှားနိုင်ငံပိုင် အန်တာရာသတင်းဌာနကဖော်ပြပါတယ်။ အဲဒီပြည်နယ်ရဲ့နေရာတချို့မှာ ပြီးခဲ့တဲ့(၃)ရက်အတွင်းမိုးရေချိန်(၁၈)လက်မကျော်ခဲ့ပါတယ်။ဘေးသင့်ခဲ့တဲ့နေရာတွေက ရွှေ့ပြောင်းဖို့အမိန့်ထုတ်ထားတုန်းဖြစ်ပြီးအင်ပြည့်အားပြည့်မရှာရသေးလို့ ထိခိုက်တဲ့လူဦးရေတိုးလာနိုင်တယ်လို့ ဆူပိုတိုကပြောပါတယ်။

 

 

Related News