လေယာဉ်အမတော်ကြေးကြောင့် အချိန်ကြာနေတဲ့ အငြင်းပွားမှုဖြစ်နေချိန်မှာ အမေရိကန်က ဥရောပ သမဂ္ဂ(EU)ကတင်သွင်းတဲ့ ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ(၁၁)ဘီလီယံလောက်ကို အခွန်တိုးကောက်ခံမယ်လို့  အမေရိကန် သမ္မတဒေါ်နယ် ထရမ့်က အင်္ဂါနေ့မှာပြောပါတယ်။ အဲဘတ်(စ်)လေယာဉ်ကုမ္ပဏီကိုပေးတဲ့ အီးယူရဲ့အမတော်ကြေးကြောင့် အမေရိကန်ကို ပြောင်းပြန်ဆိုးကျိုးသက်ရောက်နေ တယ်ဆိုတာနဲ့ ကုန်သွယ်ရေးမှာ နှစ်နဲ့ချီပြီး အီးယူက အမေရိကန်ကို အခွင့်အရေးယူခဲ့တယ်လို့ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့(WTO) ကတွေ့ရှိခဲ့တယ်ဆိုပြီး ထရမ့်က တွစ်တာမှာပြောခဲ့တာပါ။ နောက်ထပ်အကောက်ခွန်တွေကောက်မယ့်အီး ယူရဲ့ကုန်ပစ္စည်းတွေရဲ့ အကြိုစာရင်းကို ထုတ်ပြန်ပြီး လူထုရဲ့မှတ်ချက်ကိုကောက်ခံသွားမယ်လို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးကလည်း ထုတ်ပြန်ပါတယ်။ အမေရိကန်ဥပဒေအရ လူထုမှတ်ချက်ကိုတောင်းခံမယ့်အကြိုစာရင်းမှာ အဲဘတ်စ်လေယာဉ်တွေအပါအ၀င် အရပ်သားလေကြောင်းပျံသန်းမှုကဏ္ဍက ထုတ်ကုန်တွေပါဝင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အကောက်ခွန် တိုးကောက်မယ့်ကုန်ပစ္စည်းတွေထဲမှာ ပင်လယ်စာ၊ နို့ထွက်ပစ္စည်းတွေ၊ ထုပ်ပိုးထားတဲ့သစ်သီးတွေ၊ ၀ိုင်အရက်၊ အထည်ချုပ် ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေပါဝင်နေတာပါ။ ဒီဖြစ်ရပ်အတွက် တန်ပြန်အခွန်တိုးကောက်နိုင်တဲ့အခွင့်အရေး တွေကိုအသိပေး မယ့်ခုံသမာဓိရဲ့ဆုံးဖြတ်ချက်ကိုအခြေခံပြီး အချိန်ကျတာနဲ့ပြန်အရေးယူနိုင်ဖို့ အီးယူဘက်က ပြင်ဆင်နေတယ်လို့ အီးယူရဲ့ကုန် သွယ်ရေးကိစ္စရပ်တွေအတွက်တာဝန်ရှိတဲ့ ဥရောပကော်မရှင်ရဲ့ပြောခွင့်ရသူကပြောပါတယ်။ မျှတတဲ့ရလဒ်တွေထွက်လာဖို့ရည် ရွယ်ထားပြီး ဘာဆွေးနွေးမယ်ဆိုတာကြိုတင်မညှိထားတဲ့ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်ကို အီးယူဘက်က လမ်းဖွင့်ပေးထား တယ်လို့လည်း ပြောပါတယ်။ တရားမျှတတဲ့ရလဒ်ရဖို့ရည်ရွယ်ပြီး အမေရိကန်နဲ့ (EU)ကဆွေးနွေးပွဲဆောင်ရွက်လိုတယ်လို့လည်း ပြောပါတယ်။ အဲယားဘတ်စ်ကုမ္ပဏီကို အီးယူကို ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားသလိုပဲ ဘိုးအင်းကုမ္ပဏီကို အ မေရိကန်က အမတော်ကြေးပေးထားတယ်လို့လည်း အီးယူက တန်ပြန်စွပ်စွဲထားပါတယ်။

 

 

Related News