ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ကဈေးဝယ်စင်တာတစ်ခုမှာ ဗုဒ္ဓဟူးနေ့ကမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် လူ(၂)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူးကအတည်ပြုပါတယ်။ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ကCentral Worldဈေးဝယ်စင်တာမှာ  ဗုဒ္ဓဟူးနေ့ကမီးလောင်မှုဖြစ်ပွားခဲ့လို့ လူ(၂)ဦးသေဆုံးပြီးနောက်ထပ်လူ(၁၅)ဦးဒဏ်ရာရခဲ့ပါတယ်။ ဈေးဝယ်စင်တာရဲ့(၈)ထပ်မှာဒေသစံတော်ချိန်(၅)နာရီ(၄၀)မိနစ်ကမီးစလောင်ခဲ့ပြီး (၆)နာရီ(၁၀)မိနစ်မှာမီးထိန်းနိုင်ခဲ့တယ်လို့ စင်တာစီမံခန့်ခွဲရေးဌာနကသူတို့ရဲ့Facebookစာမျက်နှာမှာထုတ်ပြန်ခဲ့ပါတယ်။

အ စောပိုင်းကတော့ သေဆုံးသူ(၃)ဦးရှိတယ်လို့ ထိုင်းမီဒီယာတွေမှာဖော်ပြခဲ့ကြပေမဲ့ သေဆုံးသူ(၂)ဦးပဲရှိခဲ့တယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူး အာစ၀င် ခွမ်မွမ်းကအတည်ပြုခဲ့တာပါ။မီးခိုးတွေထူနေပြီးလူတွေကအော်ဟစ်နေကြချိန်မှာလူ(၂)ဦးကစင်တာပေါ်ကနေခုန်ချခဲ့လို့ တစ်ဦးကပွဲချင်းပြီးသေဆုံးခဲ့ပြီးနောက်တစ်ယောက်ကတော့ ဆေးရုံမှာသေဆုံးခဲ့တာပါ။ သေဆုံးသူတွေက စင်တာဝန်ထမ်းတွေဖြစ်ပြီးဒဏ်ရာရသူတွေကတော့ မီးခိုးငွေ့ရှူမိခဲ့ကြတာလို့ စင်တာကိုစီမံလည်ပတ်နေတဲ့ကုမ္ပဏီကပြောပါတယ်။ အခြေအနေတွေကိုထိန်းချုပ်ထားနိုင်ပြီလို့ ကုမ္ပဏီကကြေညာခဲ့ပြီးသေဆုံးသူတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ရင်ဆိုင်ဖြေရှင်းသွားမယ်လို့လည်းပြောပါတယ်။

 

 

Related News