ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဂရိနိုင်ငံမြို့တော်အေသင်မှာမိုးကြီးခဲ့လို့ လမ်းတွေပေါ်ရေကျော်ပြီးလမ်းကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ (၁၅)မိနစ် အတွင်း မိုးကြီးခဲ့လို့ မြို့ထဲပိုင်းနေရာတွေမှာယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့တာပါ။ အလုပ်ဆင်းချိန်တွေမှာ မိုးကြီးခဲ့တာပါ။ မြို့ထဲကတချို့နေရာ တွေမှာဆိုရင် မိုးရေချိန်(၃)စင်တီမီတာလောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် မြို့ထဲကိုတစ်ရက်အတွင်းမိုးကြိုးအကြိမ်(၇၀၀)ကျော်ပစ်ချခဲ့တယ်လို့လည်း တရုတ်နိုင်ငံပိုင်CCTVရုပ်သံကဖော်ပြပါတယ်။ အေသင်မြို့သာမကဂရိ နိုင်ငံတောင်ပိုင်းနဲ့အလယ်ပိုင်းနေရာတွေမှာမိုးကြီးတာနဲ့ လျှပ်စီးလက်တာ တွေ ရှိခဲ့ပါတယ်။ လေပြင်းတွေတိုက်တာနဲ့ မိုးကြီးတာတို့လိုရာသီဥတုဆိုးတာတွေဟာဂရိနိုင်ငံနေရာတော်တော်များများကို (၂၀၁၉)ခုနှစ်အစပိုင်း မှာ ကတည်းက ဖြစ်နေတဲ့အတွက် ဒေသတွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေထိခိုက်နေပါတယ်။

 

 

Related News