တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်မှာ ကြာသာပတေးနေ့က မိုးကြီးခဲ့တဲ့အတွက် လမ်းတွေရေလွှမ်းပြီး ယာဉ်ကြော ပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တချို့နေရာတွေမှာတော့ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဂျိုဟိုင်းမြို့ကမိုးလေ၀သစောင့်ကြည့်လေ့လာရေးအဖွဲ့က  မိုးလေ၀သသတိပေး ချက်အဆင့်(၄)ဆင့်ထဲကဒုတိယအမြင့်ဆုံးအ ဆင့်ဖြစ်တဲ့လိမ္မော်ရောင်သတိပေးချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ နေရာတချို့မှာ (၆၀)စင်တီမီတာထိရေလွှမ်းခဲ့တဲ့အတွက် ရေကြီး နေတဲ့လမ်းတွေပေါ်က ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းဖို့  အရေးပေါ်ဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆောင်ရွက်ခဲ့ပါတယ်။ ရေကြီးမှုဒဏ်ခံနေရတဲ့ဒေသတွေမှာ ယာဉ်တွေကို ယာဉ်ကြောသွားလာမှုညွှန်ကြားပေးဖို့ ရဲအရာရှိတွေက တာဝန်ယူဆောင်ရွက်နေပါတယ်။ ဂွမ်ဒေါင်းပြည်နယ်တစ်ခုလုံးမှာ နောက်(၃)ရက်လောက်အထိ မိုးဆက်လက်ရွာနိုင်တယ်လို့ ဂွမ်ဒေါင်းပြည်နယ်မိုးလေ၀သအရာရှိတွေကပြောပါတယ် ။ 

 

Related News