(၂၀၀၁)ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တဲ့ တရုတ်မော်တော်ကားဖိုရမ်ဟာ အခုချိန်ထိအရေးပါတဲ့ဆက် သွယ်ရေးပလတ်ဖောင်း တစ်ခုအဖြစ်ရှိနေပြီး အခုနှစ်ဖိုရမ်မှာတော့ လျှပ်စစ်နဲ့ ဥာဏ်ရည်တုကားတွေကစိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမြို့တော် ရှန်ဟိုင်းမှာ အင်္ဂါနေ့ကစတင်ဖွင့်လှစ်ခဲ့တဲ့ (၂၀၁၉)ခုနှစ်တရုတ်မော်တော်ကားဖိုရမ်မှာ လျှပ်စစ်နဲ့ ဥာဏ် ရည်တုကားတွေက စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ (၂၀၀၁)ခုနှစ်မှာ မော်တော်ကားဖိုရမ်စတင်ပြုလုပ်ခဲ့စဉ်ကတည်းက ကမ္ဘာမော်တော်ကားခေါင်းဆောင်တွေအတွက် ဒီဖိုရမ်ဟာ အရေးပါတဲ့ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့ပါ တယ်။

အခု(၂၀၁၉)ခုနှစ်မှာ (၃)ရက်ကြာဖွင့်လှစ်ခဲ့တဲ့ ဒီဖိုရမ်မှာ ဆန်းသစ်ပြောင်းလဲမှု၊ ပွင့်လင်းမြင်သာမှုနဲ့ မော်တော်ကား တီထွင်မှုတွေမှာ သဘာဝပတ်ဝန်းကျင်အပေါ်မထိခိုက်အောင် ဆန်းသစ်တီထွင်ဖို့အာရုံစိုက်လာကြပြီး စက်မှုလုပ်ငန်းတီထွင်မှု တွေထဲမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ စဉ်ဆက်မပြတ်ပါဝင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ မော်တော်ကားထုတ်လုပ် သူတွေထဲက တစ်ဦးဖြစ်တဲ့ ပြင်သစ်မော်တော်ကားထုတ်လုပ်သူအဖွဲ့(PSA)က အခုနှစ်ဖိုရမ်မှာပါဝင်ခဲ့ပြီး မောင်းသူမဲ့ မော်တော် ကားတွေရဲ့ နောက်ဆုံးပေါ်နည်းပညာတွေကိုထုတ်ပြခဲ့ပါတယ်။ လျှပ်စစ်နဲ့ ဥာဏ်ရည်တုကားတွေရဲ့ အနာဂတ်ဟာ အလားအ လာကောင်းလာနိုင်ပေမဲ့ နည်းပညာပိုင်းမှာတော့ ရင့်ကျက်ဖို့ အချိန်လိုနေသေးတယ်လို့ ကျွမ်းကျင်သူတချို့ပြောပါတယ်။

 

 

Related News