သီရိလင်္ကာနိုင်ငံမှာခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာပေါက်ကွဲမှုတွေဖြစ်ခဲ့လို့ အနည်းဆုံးလူ(၄၂)ယောက် သေဆုံးပြီးနောက်ထပ်လူရာချီဒဏ်ရာရခဲ့တယ်လို့ ရဲတွေနဲ့ ဆေးရုံတွေကသတင်းရင်းမြစ်တွေကပြောပါတယ်။ အနည်းဆုံးပေါက်ကွဲမှု(၆)ခုဖြစ်ခဲ့တယ်လို့လည်းအစီရင်ခံနေကြပြီးအီစတာပွဲတော်ကျင်းပနေတဲ့ ကော်ချီကာဒီ၊ နီဂွမ်ဘိုနဲ့ ဘတ်တီကာလိုအာတို့ကခရစ်ယာန်ဘုရားကျောင်းတွေကိုပစ်မှတ်ထားခဲ့တာပါ။ မြို့တော်ကိုလံဘိုမှာရှိတဲ့ ရှန်ဂရီလာ၊ ဆင်နာမွန်ဂရမ်းနဲ့ ကင်းဘူရီဟိုတယ်တို့မှာလည်းပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ လူတွေ စိတ်ငြိမ်ငြိမ်ထားဖို့နဲ့ စုံစမ်းစစ်ဆေးနေတဲ့အရာရှိတွေကို ၀ိုင်းကူပေးကြဖို့ သမ္မတမိုင်သရီပါလာဆီရီစီနာက ထုတ်ပြန်ထားပါတယ်။ ၀န်ကြီးချုပ် ရာနေး ၀စ်ရီမီဆင်ဂီကလည်း အရေးပေါ်အစည်းအဝေးတစ်ခုကို ဦးဆောင်ကျင်းပနေပြီး သတ္တိကင်းမဲ့ပြီး နိုင်ငံသားတွေကိုတိုက်ခိုက်တဲ့ဖြစ်ရပ်ကိုအပြင်းအထန်ရှုတ်ချတယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ သူတို့ရှိနေ တယ်လို့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကမှ မပြောထားပါဘူး။

 

 

Related News