ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်ကျွန်းမှာ ဧပြီ(၂၂)ရက်က ပြင်းအား(၆.၁)မဂ္ဂနီကျု့အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့် လူ(၉)ဦးသေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်ကျွန်းမှာ ဧပြီလ(၂၂)ရက်က ပြင်းအား(၆.၁)မဂ္ဂနီကျု့ဒ်အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ လူ(၉)ဦးသေဆုံး ခဲ့တယ်ဆိုပြီး ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဖိလစ်ပိုင်မီးတောင်နဲ့မြေငလျင်ပညာသိပ္ပံက ငလျင်ပြင်းအားကို (၆.၁)မဂ္ဂ နီကျု့လို့သတ်မှတ်ခဲ့ပေမဲ့ အစောပိုင်းမှာ (၅.၇)မဂ္ဂနီကျု့ဒ်လို့ အစီရင်ခံထားပါတယ်။ ငလျင်က ဇမ်ဘေးလ်စ်ပြည်နယ်မြောက်ဖက် ကက်စတယ်လေးဂျော့စ်မြို့ အရှေ့မြောက်ဖက်(၂)ကီလိုမီတာအကွာနဲ့ မြေအောက်အနက်(၁၂)ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာက ဒီရိုစတာဒို မကာပါဂို လေဆိပ်မှာ အပျက်အစီးများခဲ့ပါတယ်။

လေဆိပ်ကို စစ်ဆေးဖို့နဲ့ ပြင်ဆင်ဖို့(၂၄)နာရီကြာပိတ်ထားဖို့ လေဆိပ်အုပ်ချုပ်ရေးဌာနက အကြံပြုထားတယ်လို့ ဖိလစ်ပိုင်ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူက ပြောပါတယ်။ လူဇွန်ကျွန်းအလယ်ပိုင်းက ပိုရက်မြို့မှာ လေးထပ်အဆောက်အအုံ တစ်လုံးပြိုကျပြီး လူတချို့ပိတ်မိခဲ့ပါသေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ် တွေ လုပ်နေပေမဲ့ ထိခိုက်သူအရေအတွက်ကိုတော့ ဖိလစ်ပိုင်အစိုးရက တရားဝင်မထုတ်ပြန်သေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ တစ်နေ့ကို ပျမ်းမျှ ငလျင်အကြိမ်(၂၀)လှုပ်ခတ်ပြီး တစ်နှစ်ကို ငလျင်ဒဏ်အကြိမ်(၁၀၀)ကနေ(၁၅၀)အထိ တွေ့ကြုံရလေ့ရှိတယ်လို့ ဖိလစ်ပိုင်မီးတောင်နဲ့ မြေငလျင် ပညာသိပ္ပံရဲ့စာရင်းတွေအရ သိရပါတယ်။

 

 

Related News