မက္ကဆီကိုအလယ်ပိုင်း မိုရီလို့စ်ပြည်နယ်မှာ မေ(၉)ရက်က လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့လို့ ဗဟိုလုံခြုံရေးအကျဉ်း ထောင်က  အစောင့်(၆)ဦးသေဆုံးပြီး နောက်ထပ်လူ(၇)ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

တိုက်ခိုက်မှုက လက် နက်ကြီးတွေနဲ့ တိုက်ခိုက်တာဖြစ်ပြီး ပန်တီဒေလာမြို့မှာ ဗဟိုပြန်လည်ထူထောင်ရေးစင်တာဆီ အကျဉ်းသားတွေခေါ်သွားဖို့ ဘတ်စ်ကားပေါ်ကို အစောင့်တွေက ပြောင်းပေးဖို့ ပြင်ဆင်နေတုန်းမှာတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ လက်နက်ကိုင်တပ်ဖွဲ့က စန်မာ တီရိုကိုထွက်မပြေးခင် အနီရောင်ယာဉ်နဲ့ သွားလာနေတာဖြစ်ပါတယ်။

အစောပိုင်းအစီရင်ခံစာတွေအရ တိုက်ခိုက်မှုကြောင့် အမျိုးသား (၃)ဦးနဲ့ အမျိုးသမီး(၁)ဦးသေဆုံးခဲ့ပြီး နောက်ထပ်(၃)ဦးဒဏ်ရာရထားသလို သူတို့အားလုံးက ဗဟိုအကျဉ်း ထောင်ဝန် ထမ်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မိုရီလို့စ်အုပ်ချုပ်ရေးမှူး ဘလန်ကိုက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဗဟိုအစိုးရဘက်က ဒီတိုက်ခိုက်မှုကို အသေးစိတ်စုံစမ်းစစ်ဆေးသင့်သလို ဒါဟာဗဟိုအစိုးရအဖွဲ့အစည်းကို ကျူးကျော်တိုက်ခိုက် တာလည်းဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်သူတွေစီးနင်းခဲ့တဲ့ ယာဉ်ကိုတော့ စန်ဂါဖရယ်လာပါမာ့စ်မြို့နားမှာ  မီးလောင်နေတာတွေ့ခဲ့ရပါတယ်။ အခင်းဖြစ်ရာနေရာကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကန့်သတ်ထားပေမဲ့ တိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး ဖမ်းခံထားရတဲ့လူတော့ မရှိသေးဘူးလို့ သိရပါတယ်။

 

Related News