လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီကမတည်ငြိမ်မှုတွေကြောင့် စိုးရိမ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကသောကြာနေ့မှာ ထုတ်ပြောခဲ့ပါတယ်။ အချိန်ကြာကြာရှိနေမယ့်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့ဖြစ်လာစေဖို့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမှပဲရနိုင် မယ်လို့ လုံခြုံရေးကောင်စီရဲ့မေလအတွက်အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရတဲ့ ကုလသမဂ္ဂဆိုင်ရာအင်ဒိုနီးရှားသံအမတ် ကြီးဒိုင်ယန် ထရိုင်ယန်ရှာ ဂျာနီကပြောပါတယ်။ (၂၀၁၁)ခုနှစ်မှာလစ်ဗျားခေါင်းဆောင်ဟောင်းမူအမ်မာက ဒါဖီလုပ်ကြံခံခဲ့ရပြီးတဲ့ နောက် လစ်ဗျားနိုင်ငံမှာ အရှုပ်အထွေးတွေဖြစ်ခဲ့ပါတယ်။ နိုင်ငံရဲ့အရှေ့ပိုင်းကိုထိန်းချုပ်ထားတဲ့လစ်ဗျားအမျိုးသားတပ်မတော် (LNA)က ထရီပိုလီကိုတိုက်ခိုက်နေပြီးLNAကဧပြီမှာကတည်းကလစ်ဗျားအစိုးရကိုတိုက်ခိုက်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမှာလည်း မင်းမဲ့ဝါဒီတွေက ကြီးစိုးနေပါတယ်။ ဧပြီမှာတင်းမာမှုတွေစပြီးမြင့်တက်လာကတည်းက လူအယောက်(၄၄၀)သေဆုံးခဲ့ပြီး လူထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။

 

 

Related News