သောကြာနေ့တုန်းကကိုလံဘီယာနိုင်ငံ၊ အနောက်ဘိုဂိုတာမြို့က လာအယ်စထရာဒါရပ်ကွက်မှာပေါက်ကွဲမှုဖြစ်ခဲ့လို့ အနည်းဆုံးလူ(၄)ယောက်သေဆုံပြီးနောက်ထပ်(၈)ယောက်ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ကိုလံဘီယာရိုးရာကစားနည်းတီဂျိုအတွက် ယမ်းမှုန့်ပေါက်ကွဲစေတဲ့စနက်တံထုတ်တဲ့ (၃)ထပ်အဆောက်အအုံပေါက်ကွဲခဲ့တာလို့ ဒေသတွင်းမီဒီယာတွေ ကဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အဲဒီမှာကျန်နေတဲ့ဓာတုပစ္စည်းတွေကြောင့် နောက်တစ်ကြိမ် ထပ်ပြီး ပေါက်ကွဲမှာနဲ့ အဆောက်အအုံပြိုကျမှာတို့ကိုစိုးရိမ်နေရတယ်လို့လည်းဒေသအာဏာပိုင်တွေကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဘေးနားကကျောင်းတစ်ကျောင်းနဲ့ မူကြိုတစ်ကျောင်းအပါအ၀င် အဆောက်အအုံတော်တော်များများ ထိခိုက်ခဲ့ပေမဲ့ ကလေးတွေတော့ မထိခိုက်ခဲ့ဘူးလို့လည်းသိရပါတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေကဘာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သလဲဆိုတာကိုစုံစမ်းနေတယ်လို့ လည်းထုတ်ပြောထားပါတယ်။

 

 

Related News