ပြီးခဲ့တဲ့တစ်လလောက်ကတောင်ကိုရီးယားနိုင်ငံမှာ စပြီးအသုံးပြုနိုင်ခဲ့တဲ့ 5G ကွန်ရက်ဟာ မှန်းချက်နဲ့ မကိုက်ဖြစ်နေပါတယ်။ ဧပြီအစောပိုင်းကတောင်ကိုရီးယားနိုင်ငံမှာ 5Gကွန်ရက်စပြီးအသုံးပြုနိုင်ပြီးသုံးတဲ့လူ(၂၆၀၀၀၀)လောက်ကိုဆွဲဆောင်နိုင်ခဲ့ပေမဲ့ 5Gကွန်ရက်ရဲ့ လုပ်ဆောင်မှုမှာ အားနည်းချက်တွေရှိနေလို့ လူတော်တော်များများစိတ်ပျက်နေပါတယ်။ လိုင်းဆွဲအားအကောင်းဆုံးလို့ယူဆလို့ရတဲ့မြို့တော်ဆိုးလ်ကဂွမ်ဟွာမန်ရင်ပြင်မှာအမြင့်ဆုံးDownloadနှုန်းကတစ်စက္ကန့်(842)မဂ္ဂါဘိုက် ဖြစ်ပါတယ်။ ဒါဟာ 4Gကွန်ရက်ထက် (၄)ဆမြန်တာဖြစ်ပေမဲ့ (4G)ကွန်ရက်ထက် အဆ(၂၀)မြန်မယ်လို့ကတိပြုထားတာကိုတော့ မမှီသေးပါဘူး။ 5Gရဲ့အဓိကနည်းပညာက ပျံ့နှံ့တဲ့အကွာအဝေးကန့်သတ်ချက်ရှိတဲ့မီလီမီတာလှိုင်းတွေလို့ တချို့တယ်လီဖုန်းဆက်သွယ် ရေးကျွမ်းကျင်သူ တွေက ပြောပါတယ်။ ဒါ့ကြောင့် 5G ကွန်ရက်အောင်မြင်စေချင်ရင် အခြေစိုက်စခန်းငယ်အရေအတွက်လုံလောက်အောင် ဆောက်ထားရမှာ ဖြစ်ပြီး အဲဒီအရေအတွက်ဟာ 4Gကွန်ရက်သုံးဖို့ဆောက်ထားတဲ့စန်းတွေထက် နှစ်ဆများရမှာ ပါ။ လက်ရှိတောင်ကိုရီးယားမှာ 5G စခန်းက 4Gစခန်းအရေအတွက်(၁၀)ရာခိုင်နှုန်းထက်နည်းနေပါသေးတယ်။ ဒါ့ကြောင့် နောက် ထပ်(၂)နှစ်(၃)နှစ်လောက်မှ 5G ကို အပြည့်အ၀သုံးနိုင်ပြီး အဓိကလူစိတ်ဝင်စားတာဖြစ်လာမယ်လို့ တချို့ပညာရှင်တွေက သုံးသပ်ပါတယ်။

 

 

Related News