ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်(၂၈)နိုင်ငံက အီရန်နဲ့ နျူကလီးယားသဘောတူစာချုပ်ကို အပြည့် အ၀ဆက်ပြီးအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန်က မေ(၁၃)ရက်မှာ ပြောပါတယ်။ EUအဖွဲ့ဝင်(၂၈)နိုင်ငံက အီရန်နိုင်ငံနဲ့ နျူကလီးယားသဘောတူစာချုပ်ကို အပြည့်အ၀ဆက်ပြီးအကောင်အထည်ဖော်ဖို့ ဆုံးဖြတ် ထားတယ်လို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်ဖက်ဒရီကာ မော်ဂါရီနီက မေ(၁၃) ရက်မှာ ပြောပါတယ်။ မော်ဂါရီနီနဲ့ EUနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး(၂၈)ယောက်တို့က  ဘယ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ် မှာ မေ(၁၃)ရက်က ပုံမှန်အစည်းအဝေးတစ်ခုကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ လစ်ဗျားအခြေအနေနဲ့ အီရန်နျူကလီးယား သဘောတူစာချုပ်အရေးအပြင် ကိစ္စရပ်တချို့ကိုဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးမိုက် ပွန်ပီယိုတို့နဲ့ဆွေးနွေးပြီးနောက် EUက  အီရန်နျူကလီးယား သဘောတူစာချုပ်ကို အပြည့်အ၀ဆက်ပြီး အကောင်အ ထည်ဖော်မှာဖြစ်ပြီး စာချုပ်ပါနိုင်ငံအားလုံးကအငြင်းပွားမှု ဆက်လက် မြင့်တက်နေတာကို ရှောင်ရှားသင့်တယ်လို့လည်း မော်ဂါရီနီ ကပြောပါတယ်။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ(IAEA)ကပဲ အီရန်ဟာ နျူကလီးယားကတိက၀တ်တွေကိုလိုက်နာသလား ဆိုပြီး အတည်ပြုနိုင်တယ်ဆိုတဲ့ (EU)အဖွဲ့ဝင်(၂၈)နိုင်ငံရဲ့ သဘောတူညီချက် ကိုလည်း မော်ဂါရီနီက ထပ်လောင်းအတည်ပြုခဲ့ပါ တယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်က အဲဒီသဘောတူညီချက်မှာပါတဲ့ အချက်တချို့ကို ရပ်ဆိုင်းထားတယ်လို့ ထုတ်ပြောခဲ့ပြီး (၂၀၁၅)ခုနှစ်မှာ အဲဒီသဘောတူစာချုပ်ချုပ်ဆိုတုန်းကပါဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံကလည်း (၂၀၁၈)ခုနှစ်မှာ သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပါတယ်။

 

Related News