တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဟေလောင်ဂျင်းပြည်နယ်က သဘာဝသစ်တောမှာ တနင်္လာနေ့ကတောမီးလောင်မှုဖြစ်ပွားခဲ့ပြီး တောမီးလောင်တာကိုထိန်းနိုင်ဖို့ မီးသတ်သမားအယောက်(၂၀၀)ကျော်ကကြိုးပမ်းနေပါတယ်။ ကျာမူဇီမြို့က ဟောင်ဟီအမျိုး သားသဘာဝသစ်တောမှာ တောမီးလောင်နေတယ်ဆိုတာကို ဒေသစံတော်ချိန်(၉)နာရီလောက်မှာအစီရင်ခံခဲ့ပြီးနောက် မိနစ် (၂၀)အတွင်း အခင်းဖြစ်ရာနေရာကို မီးသတ်သမားတွေရောက်ရှိခဲ့တာပါ။ အဲဒီတောမီးလောင်မှုကို လျင်လျင်မြန်မြန်ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ မတူညီတဲ့နေရာတွေကနေ မီးထိန်းဖို့ ကြိုးပမ်းတာလည်းပါဝင်ပါတယ်။ သစ်တောထဲက ခြုံနွယ်တွေနဲ့ သစ်ပင်လေး တွေရှိတဲ့နေရာကနေ မီးစလောင်ခဲ့တာလို့ အစောပိုင်းလေ့လာမှုတွေမှာဖော်ပြခဲ့ပြီး အဲဒီကနေ မြောက်ဘက်ကိုလျင်လျင်မြန်မြန်မီး ပြန့်ခဲ့ပါတယ်။ မီးလောင်တဲ့နေရာဟာ လယ်ကွင်းနဲ့ လမ်းချဲ့နေတဲ့နေရာတစ်ခုနဲ့နီးတယ်လို့လည်းသိရပါတယ်။ ဒေသစံတော်ချိန် ညနေ(၃)နာရီခွဲဝန်းကျင်မှာ အရှေ့ဘက်ကိုဦးတည်နေတဲ့ မီးလောင်နေတဲ့နေရာစတုရန်းမီတာ(၃၀၀၀)လောက်ကို အောင်အောင် မြင်မြင်မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းကို စုံစမ်းနေတုန်းဖြစ်ပါတယ်။

 

 

Related News