ဆော်ဒီအာရေဗျရေနံပိုက်လိုင်းစက်ရုံ(၂)ခုတိုက်ခိုက်ခံရတယ်လို့ ဆော်ဒီအာရေဗျက မေ(၁၄)ရက် မှာပြောပြီးချိန်မှာပဲ ရေနံဈေးမြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးရေနံတင်သွင်းတဲ့ဆော်ဒီအာရေဗျနိုင်ငံရဲ့ရေနံပိုက်လိုင်းစက်ရုံ(၂)ခုဟာ မောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခိုက်ခံခဲ့ ရတယ်လို့ ဆော်ဒီကထုတ်ပြောခဲ့ပြီးတဲ့နောက် ရေနံဈေးနှုန်းတက်ခဲ့ပါတယ်။ ဇွန်မှာဖြန့်မယ့်ရေနံစည်တွေအတွက် West Texas Intermediateမှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ(၇၄)ဆင့်မြင့်တက်ခဲ့ပြီး ဇူလိုင်မှာဖြန့်မယ့်ရေနံစည်တွေအတွက် Brent Cruderမှာတော့ (၁.၀၁)ဒေါ်လာဈေးတက်ခဲ့ပါတယ်။ ဖောက်ခွဲရေးပစ္စည်းသယ်လာတဲ့ဒရုန်းတွေက ရေနံစုပ်တင်တဲ့စက်ရုံ(၂)ခုက အဓိကပိုက်လိုင်းတွေကို တိုက်ခိုက်ခဲ့ပြီး အပျက်အစီးတွေရှိခဲ့သလို အမှတ်(၈)စက်ရုံလည်း မီးလောင်ခဲ့တယ်လို့ ဆော်ဒီစွမ်းအင် ၀န်ကြီးခါလစ် အယ်ဖယ်လာကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုကိုပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ် လို့ အယ်ဖယ်လာကရှုတ်ချခဲ့ပြီး နိုင်ငံတကာစွမ်းအင်ထောက်ပံ့မှုကို မတည်ငြိမ်အောင်ရည်ရွယ်ချက်ရှိရှိလုပ်တာလို့လည်းပြော ပါတယ်။(၁၂၀၀)ကီလိုမီတာရှည်တဲ့ အရှေ့-အနောက်ပိုက်လိုင်းက ဆော်ဒီအာရေဗျနိုင်ငံရဲ့ အဓိကအရှေ့ပိုင်း ရေနံတွင်းတွေက နေ ပင်လယ်နီဆိပ်ကမ်းမြို့ ရမ်ဘူအထိ ရေနံစိမ်းတွေသယ်ဆောင်ပေးပါတယ်။ အခြေအနေကိုခန့်မှန်းဖို့၊ ထိခိုက်ခဲ့တဲ့ရေနံစက်ရုံ နဲ့ ပိုက်လိုင်းကိုလုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ အာရမ်ကိုကုမ္ပဏီက ကြိုတင်ကာကွယ်တဲ့အစီအစဉ်တွေလုပ်နေလို့ လုပ်ငန်းလည်ပတ် မှုကိုယာယီရပ်ဆိုင်းခဲ့ပါတယ်။ 

 

Related News