ပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်က ပြန်ပေးဆွဲခံခဲ့ရတဲ့ နိုင်ဂျီးရီးယားကျောင်းသူ လီယာ ရှာရီဘူ ဘေးကင်းကင်းနဲ့ ပြန်လွတ်လာဖို့ သူ့မွေးနေ့မှာ နိုင်ဂျီးရီးယားကျောင်းသားတွေဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဘိုကိုဟာရမ်လက်နက်ကိုင်တပ်ဖွဲ့က ပြီးခဲ့တဲ့(၁)နှစ်ကျော်လောက်မှာ ပြန်ပေးဆွဲခဲ့တဲ့ ကျောင်းသူလီယာ ရှာရီဘူကို ဘေးကင်း ကင်းနဲ့ပြန်လွှတ်ပေးဖို့ အင်္ဂါနေ့ကကျရောက်တဲ့ရှာရီဘူရဲ့မွေးနေ့မှာ နိုင်ဂျီးရီးယားနိုင်ငံ၊ ယို့ရှ်မြို့က နိုင်ဂျီးရီးယားကျောင်းသားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ (၂၀၁၈)ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒက်ပ်ချီမြို့က အစိုးရသိပ္ပံနဲ့ နည်းပညာအမျိုးသမီးကောလိပ်က ကျောင်းသူအယောက်(၁၁၀)ကို ဘိုကိုဟာရမ်အဖွဲ့က ပြန်ပေးဆွဲခဲ့ပေမဲ့ ရှာရီဘူကတစ်ယောက်တည်းကျန်နေတဲ့ ထိန်းသိမ်းခံ ကျောင်းသူဖြစ်ပါတယ်။ အစ္စလာမ်ဘာသာလက်ခံကျင့်သုံးရင် သူ့ကိုလွှတ်ပေးမယ်လို့ ရှာရီဘူကိုပြောပေမဲ့ သူကငြင်းလို့ ဆက်ပြီး ဖမ်းထားတာလို့ ဘိုကိုဟာရမ်ဘက်က ပြောထားပါတယ်။

ဘိုကိုဟာရမ်အဖွဲ့က နိုင်ဂျီးရီးယားမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်ရှိနေတဲ့လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကိုမကြာခဏပြန်ပေးဆွဲလေ့ရှိပါတယ်။ ရှာရီဘူပြန် ပေးဆွဲခံခဲ့ရတာဟာ မိသားစုအတွက် စိတ်ဆင်းရဲစရာကိစ္စကြီးတစ်ခုဖြစ်တယ်လို့ ရှရီဘူရဲ့အမေက (၂၀၁၈)ခုနှစ်၊ အောက်တိုဘာ လမှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာပြောခဲ့ပါတယ်။ ပြန်ပေးဆွဲခံခဲ့ရတဲ့ မိန်းကလေးလွတ်မြောက်ဖို့ လုပ်နိုင်သမျှလုပ်ထားတယ် လို့ နိုင်ဂျီးရီးယားသမ္မတ မူဟမ်မဒူ ဘူဟာရီကအာမခံခဲ့ပေမဲ့ အစိုးရအနေနဲ့ နောက်ထပ်အားထပ်ထုတ်ဖို့ လိုနေသေးတယ်လို့ နိုင်ဂျီးရီးယားတွေကယူဆနေပါတယ်။ 

 

 

 

Related News