ဗင်နီဇွဲလားနိုင်ငံမှာ ပြည်တွင်း အခြေအနေမတည်ငြိမ်ဖြစ်နေပေမဲ့ မြို့တော်ကရာကက်စ်မှာ ဗင်နီဇွဲ လားလုပ်ငန်းရှင်တစ်ဦးက ခေတ်မီလက်လီ စတိုးဆိုင်တစ်ခုဖွင့်ဖို့ ပြည်ပကနေပြန်လာခဲ့ပါတယ်။ဗင်နီဇွဲလားစတိုးလက်လီအရောင်းဆိုင်ကို ပြီးခဲ့တဲ့(၃)နှစ်မှာ ဂျာစင် ဒေးဗစ် ဂိုမက်ဇ် က ထူထောင်ခဲ့ပါတယ်။ စတိုးဆိုင်မှာ ဗင်နီဇွဲ လားကော်ဖီ၊ ချောကလက်၊ အ၀တ်အထည်နဲ့ တခြားဆက်စပ်ပစ္စည်းတွေရောင်းချပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့စီးပွားရေးက သွင်း ကုန်ပစ္စည်းအများစုကို မှီခိုနေရတာပါ။ ဒါပေမဲ့(၂၀၁၇)ခုနှစ်ကစလို့ ဗင်နီဇွဲလားကို အမေရိကန်ကစီးပွားရေးနဲ့ ဘဏ္ဍာရေးပိတ် ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဗင်နီဇွဲလားနိုင်ငံသားတွေရဲ့နေမှုထိုင်မှုဘ၀ကို ထိခိုက်စေခဲ့ပါတယ်။ ဂိုမက်ဇ်က ဗင်နီဇွဲလားစ တိုးဆိုင်ဖွင့်ပြီး အဲဒီစတိုးဆိုင်မှာ ဗင်နီဇွဲလားထုတ်ကုန်တွေကိုပဲပြသရာင်းချခဲ့တဲ့နောက် သိပ်မကြာခင်မှာ အသေးစားစီးပွားရေး လုပ်ငန်းမျိုးစုံ(၁၀)ခုကျော်လာရောက် ဆက်သွယ်ခဲ့ကြပါတယ်။ ဗင်နီဇွဲလားခရီးသွားဝန်ကြီးဌာနရဲ့ပံ့ပိုးမှုနဲ့ ကရာကက်စ်မြို့မှာ လက်လီအရောင်းဆိုင်ခွဲ(၃)ခုဖွင့်လှစ်ထားပါတယ်။ လူသိများတဲ့အဓိကစီးပွားရေးနယ်မြေတွေမှာ ဆိုင်ခွဲတွေပိုဖွင့်နိုင်ဖို့ဂိုမက်ဇ်က စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့(၃)နှစ်မှာ သူ့ဈေးကွက်လူကြိုက်များလာဖို့ အချိန်အများကြီးယူခဲ့ရပေမဲ့ အခုချိန်မှာအရောင်းဆိုင်က နှစ် စဉ်ရောင်းအားတိုးတက်မှုနှုန်း(၂)ဆရှိနေတယ်လို့လည်း  ဂိုမက်ဇ်ကပြောပါတယ်။

 

 

Related News