တရုတ်နည်းပညာကုမ္ပဏီဟွာဝေးကို မှားယွင်းတဲ့လုပ်ရပ်တွေလုပ်ဆောင်မှုကို ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မေ(၁၆)ရက်မှာ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်အိမ်ဖြူတော်က နိုင်ငံခြားထုတ်ဆက်သွယ်ရေးပစ္စည်းကိရိယာတွေကို ပိတ်ပင်ဖို့ မေ(၁၅)ရက်က အမိန့်ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီအမိန့်က ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီဆိုပြီး မခွဲခြားထားပေမဲ့ တရုတ်နည်းပညာကုမ္ပဏီဟွာဝေးကို  5Gကွန်ရက်ဈေး ကွက်ကနေ ဖယ်ထုတ်ဖို့ရည်ရွယ်နေတယ်လို့ တရုတ်နိုင်ငံပိုင်CGTNသတင်းအေဂျင်စီကဖော်ပြပါတယ်။ အမေရိကန်ကုန်သွယ် ရေးဝန်ကြီးဌာနက ဟွာဝေးနဲ့ လက်အောက်ခံကုမ္ပဏီ(၇၀)ကို ရောင်းချမှုနဲ့ နည်းပညာလွှဲပြောင်းမှု ကန့်သတ်ခဲ့ပါတယ်။ အမေရိ ကန်ရဲ့ပိတ်ဆို့မှုဟာ နည်းလမ်းမကျသလို အခွင့်အရေးချိုးဖောက်တာလို့ ဟွာဝေးကပြောပါတယ်။ ဟွာဝေးရဲ့ 5Gကွန်ရက်အသုံး ပြုမှုကို ပိတ်ပင်တဲ့ပြန်တမ်းကို အမေရိကန်သမ္မတလက်မှတ်ရေးထိုးခဲ့ပြီးနောက် ဟွာဝေးက ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့တာပါ။ အဲဒီကြေညာချက်မှာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ရဲ့ဆုံးဖြတ်ချက်က အမေရိကန်မှာ 5Gနည်းပညာထွန်းကားမှုကို ဟန့် တားဖို့ရည်ရွယ်နေတာလို့ ဖော်ပြထားပါတယ်။  တရုတ်နိုင်ငံရဲ့တရားဝင်အခွင့်အရေးနဲ့ လုပ်ငန်းတွေရဲ့အကျိုးစီးပွားကို ကာကွယ် ဖို့ တရုတ်နိုင်ငံက နောက်ထပ်လိုအပ်တဲ့ အစီအမံတွေဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ(၁၆)ရက် မှာ ပြောပါတယ်။

 

Related News