မြောက်ကိုရီးယားကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်ဘက်ကဖမ်းဆီးထားတဲ့အတွက် အဲဒီလုပ်ရပ်ကို ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားအထူးသံတမန်က အင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာရှုတ်ချလိုက်ပါတယ်။ ၀ိုက်စ်အောနက်စ်လို့ ခေါ်တဲ့ အဲဒီကုန်တင်သင်္ဘောဟာ (၂၀၁၈)ခုနှစ်၊ ဧပြီလတုန်းက အင်ဒိုနီးရှားရေပိုင်နက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ရဲ့ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်လို့ယူဆရတဲ့အတွက် မြောက်ကိုရီးယားကုန်တင်သင်္ဘောကိုဖမ်းဆီးထားတယ် ဆိုပြီး (၂၀၁၉)ခုနှစ်၊ မေ(၉)ရက်မှာ အမေရိကန်တရားစီရင်ရေးဌာနကကြေညာခဲ့ပါတယ်။ 

အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ် နိုင်ငံဆက်ဆံရေးသစ်တည်ဆောက်သွားမယ်လို့ကတိပြုခဲ့တဲ့ (၂၀၁၈)ခုနှစ်၊ ဇွန်(၁၂)ရက်ကပူးတွဲကြေညာချက်ကို အမေရိကန် ဘက်က ငြင်းဆိုနေတာလို့ ကုလသမဂ္ဂဆိုင်ရာမြောက်ကိုရီးယားအထူးသံတမန်ကင်ဆောင်ကပြောပါတယ်။ မြောက်ကိုရီးယား ကုန်တင်သင်္ဘောကိုချက်ချင်းပြန်လွှတ်ပေးဖို့ မေ(၁၄)ရက်မှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကတောင်းဆိုခဲ့ပြီး နှစ်နိုင် ငံကြားအနာဂတ်ဆက်ဆံရေးကို အခုလုပ်ရပ်ကဘယ်လိုထိခိုက်စေနိုင်လဲဆိုတာကို အမေရိကန်အစိုးရဘက်ကထည့်သွင်းစဉ်းစား ဖို့လည်း တိုက်တွန်းတယ်လို့ ကင်ကပြောပါတယ်။ အဲဒီဖြစ်ရပ်ကို အလေးထားဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန် ထော်ညော် ဂူတားစ်ဆီကို ပြီးခဲ့တဲ့တစ်ပတ်မှာ စာတစ်စောင်ပေးပို့ခဲ့တယ်လို့လည်း ကင်ကပြောပါတယ်။

 

Related News