အီရန်နျူကလီးယားသဘောတူစာချုပ်ကို ပြည့်စုံပြီးထိရောက်တဲ့အကောင်အထည်ဖော်မှုက တင်းမာမှုကိုလျော့ပါးစေဖို့နဲ့ အီရန်နျူ ကလီးယားပြဿနာကိုဖြေရှင်းဖို့ အလားအလာကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ တရုတ်နိုင်ငံမြို့တော်ဘေကျင်းမှာ မေ (၂၂)ရက်ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရသူလူကန်ကပြောပါတယ်။ အီရန်နိုင်ငံနဲ့ ရုရှား၊ ဂျာမန်နဲ့ ပြင်သစ်ခေါင်းဆောင်တွေရဲ့စီးပွားရေးနဲ့ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုကတိက၀တ်နဲ့ ပတ်သက်ပြီးတုန့်ပြန် ပြောဆိုလိုက်တာပါ။ အီရန်နျူကလီးယားစာချုပ်ပါနိုင်ငံတွေက အနီးကပ်ဆက်သွယ်မှုနဲ့ ပူးပေါင်းညှိနှိုင်းမှုတွေရှိခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံက အမြင့်ဆုံးဖိအားပေးမှုနဲ့ တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုတွေကနေပေါ်ပေါက်လာတဲ့ တင်းမာမှုတွေကိုတုန့်ပြန်တဲ့အ နေနဲ့ တခြားနိုင်ငံတွေက သဘောတူညီချက်ကိုထိန်းသိမ်းအကောင်အထည်ဖော်ဖို့လိုပြီး သက်ဆိုင်တဲ့တာဝန်နဲ့ ကတိက၀တ်တွေ ကိုဖြည့်ဆည်းဖို့လိုတယ်လို့လည်း လူကပြောပါတယ်။ တရုတ်နိုင်ငံကသက်ဆိုင်တဲ့နိုင်ငံတွေနဲ့ အီရန်နျူကလီးယားသဘောတူစာ ချုပ်ကိုပြည့်စုံပြီးထိရောက်တဲ့အကောင်အထည်ဖော်မှုရည်ရွယ်ချက်ကို ဆောင်ရွက်မှာဖြစ်ပြီး ကိုယ်ပိုင်တရားဝင်အခွင့်အရေးနဲ့ အ ကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်မယ်လို့  လူကပြောပါတယ်။

 

 

Related News