တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ အမေရိကန်နိုင်ငံက၀က်သားတင်သွင်းနိုင်မလားဆိုတာကိုဆုံးဖြတ်ဖို့ အခွင့်အရေးရှိတယ်လို့ တရုတ်စီးပွားရေးနဲ့ ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ ဂန်ဖန်က ဘေကျင်းမြို့မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်း ပွဲမှာ  မေလ(၂၃)ရက်ကပြောပါတယ်။

အမေရိကန်စိုက်ပျိုးရေးဌာနက ပြီးခဲ့တဲ့သီတင်းပတ်မှာထုတ်ဝေခဲ့တဲ့ စာရင်းအချက်အ လက်တွေအရ အမေရိကန်ကနေ၀က်သားတန်(၃၀၀၀)ကျော်မှာယူမှုကို တရုတ်ဝယ်ယူသူတွေဘက်ကဖျက်သိမ်းခဲ့ပါတယ်။  ဒါပေမဲ့ဈေးကွက်အခြေအနေအရ စီးပွားရေးလုပ်ငန်းတွေကို လွတ်လပ်စွာအလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုထားတယ်လို့ဂန်ကပြောပါ တယ်။ တရုတ်နိုင်ငံကို ဂျာမနီ၊ စပိန်၊ အမေရိကန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဘရားဇီး၊ နယ်သာလန်နဲ့ ပြင်သစ်အပါအ၀င်နိုင်ငံ ပေါင်း(၁၅)နိုင်ငံက တင်သွင်းနေတယ်လို့ တရုတ်အကောက်ခွန်ဌာနရဲ့စာရင်းတွေအရသိရပါတယ်။ (၂၀၁၈)ခုနှစ် နှစ်လယ်ပိုင်း မှာဝက်သားထုတ်လုပ်မှုတွေကျဆင်းလာတဲ့အတွက် တရုတ်နိုင်ငံရဲ့ဝက်သားဝယ်လိုအားတွေပိုများလာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်ပက၀က်သား၊ အမဲသား၊ ကြက်သားနဲ့ သိုးသားဝယ်လိုအားတို့က (၁၁.၆)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တရုတ်နိုင်ငံက၀က်သား ၀ယ်လိုအားကဆက်လက်တိုးလာလိမ့်လို့ မျှော်မှန်းထားကြပါတယ်။

 

Related News