တရုတ် နိုင်ငံအရှေ့ပိုင်း၊ ဂျန်စု ပြည်နယ်၊ လီနီိဂန်မြို့မှာဇွန်လ(၆)ရက်က ငါးဖမ်းလှေနစ်မြုပ်ခဲ့လို့ လူ(၂)ဦးပျောက်ဆုံးနေပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းဂျန်စုပြည်နယ်၊ လီနီဂန်မြို့မှာဇွန်(၆)ရက်ကလှိုင်းထန်မှုကြောင့် ငါးဖမ်းလှေနစ်မြုပ်ခဲ့ပြီး ရေကြောင်းအာဏာ ပိုင်တွေကလူ(၃)ဦးကိုကယ်တင်နိုင်ခဲ့ပေမဲ့ နောက်ထပ်လူ(၂)ဦးကတော့ပျောက်ဆုံးနေပါတယ်။  လီနီဂန်ကမ်းရိုးတန်းကနေ(၁၀) ကီလိုမီတာလောက်အကွာမှာ အဲဒီလူ(၃)ဦးကိုကယ်တင်နိုင်ခဲ့တာပါ။ လေပြင်းတွေကြောင့်(၅)မီတာအမြင့်ရှိတဲ့လှိုင်းတွေဖြစ်ပေါ် ခဲ့လို့ ငါးဖမ်းလှေနစ်မြုပ်ခဲ့တာပါ။ ငါးဖမ်းလှေပေါ်ကလူ(၅)ဦးစလုံးရေထဲကိုပြုတ်ကျခဲ့ပြီး သူတို့ထဲက(၃)ဦးကိုတော့ အခြားငါးဖမ်း လှေတစ်စီးကကယ်ဆယ်နိုင်ခဲ့ပေမဲ့ နောက်ထပ်(၂)ဦးကတော့ပျောက်ဆုံးနေပါတယ်။ လာကယ်တင်တဲ့ငါးဖမ်းလှေပေါ်က အရေး ပေါ်ဖုန်းခေါ်ဆိုမှုလက်ခံခဲ့ပြီးနောက် ဒေသရေကြောင်းအရာရှိတွေကအခင်းဖြစ်ပွားတဲ့နေရာကိုရောက်ရှိခဲ့ပါတယ်။ လှေနားကိုချဉ်း ကပ်ဖို့ခက်ခဲတဲ့အတွက်ကယ်ဆယ်ရေးသမားတွေက ရေထဲကလူတွေဆီကိုရောက်ဖို့ဖောင်တစ်ခုအသုံးပြုခဲ့ပြီး ကင်းလှည့်ရေ ယာဉ်ပေါ်ကိုကြိုးတွေနဲ့ ဆွဲတင်ခဲ့တာပါ။ ပျောက်ဆုံးနေတဲ့လူ(၂)ဦးကိုတော့ ရှာဖွေကယ်ဆယ်နိုင်ဖို့ဆက်ကြိုးပမ်းနေပါ တယ်။

 

Related News