လာမယ့်သီတင်းပတ်တွေအတွင်းကျင်းပမယ့် ရေနံထုတ်လုပ်တင်ပို့ရောင်းချသောနိုင်ငံများအသင်း(အိုပက်)နဲ့ မိတ်ဖက်နိုင်ငံများ အစည်းအဝေးမှာဆွေးနွေးမယ့် ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နောက်ဆုံးမှတ်ချက်စကားကြောင့် ရင်းနှီးမြှုပ်နှံသူတွေစဉ်းစားနေချိန်မှာပဲ ကြာသပတေးနေ့မှာရေနံဈေးတွေမြင့်တက်ခဲ့ပါတယ်။ နွေဦးရာသီမှာအသုံးပြုမှုမြင့်တက်လာတာနဲ့ အိုပက်နိုင်ငံတွေ ဖြစ်တဲ့အီရန်နဲ့ဗင်နီဇွဲလားနိုင်ငံတို့ရဲ့ထုတ်လုပ်မှုလျော့ကျလာတာတွေဟာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေဖြစ်တယ်လို့ ပူတင်ကပြောခဲ့တာပါ။ ဆော်ဒီဦးဆောင်တဲ့အိုပက်အဖွဲ့နဲ့ ရုရှားနိုင်ငံတို့ဆွေးနွေးသွားမယ်လို့လည်းပူတင်က ဖြည့်စွက်ပြောဆိုခဲ့ တာပါ။ ဇွန်လကျော်ပြီးရင် ဈေးကွက်တည်ငြိမ်ဖို့ အိုပက်ကထိန်းသိမ်းထားနိုင်မယ်လို့ ဆော်ဒီစွမ်းအင်ဝန်ကြီးခါလစ် အယ်လ်ဖာလစ်ကအခုတစ်ပတ်အစောပိုင်းမှာပြောပါတယ်။ ဇူလိုင်အတွက် ရေနံတစ်စည်ကို West Texas(၀က်စ်တ် တက္ကဆက်)ဈေးနှုန်း (၀.၉၁)ဒေါ်လာမြင့်တက်ခဲ့ပြီး သြဂုတ်အတွက် ဘရန့်ရေနံစိမ်းဈေးညွှန်းကိန်းက (၁.၀၄)ဒေါ်လာမြင့်တက်ခဲ့ပါတယ်။

 

Related News