ဆက်သွယ်ရေး ကွန်ယက်သစ်တွေထွန်းကားနေတဲ့ ဂျပန်နိုင်ငံ မှာ ရိုးရာနည်းလမ်းနဲ့ကြော်ငြာသူတွေလျော့နည်းသွားပေမဲ့ သူတို့ကိုတော့ လူကြိုက်များနေဆဲဖြစ်ပါတယ်။ ရုပ်မြင်သံကြား၊ အင်တာနက်နဲ့ စမတ်ဖုန်းတို့လိုဆက်သွယ်မှုကွန်ယက်သစ်တွေထွန်းကားလာတာကြောင့် ဂျပန်နိုင်ငံမှာနှစ်(၇၀) အတွင်းရိုးရာနည်းလမ်းနဲ့ကြော်ငြာသူဦးရေ (၂၅၀၀)ကနေ (၁၀၀)အထိလျော့ကျသွားပါတယ်။ ဒါပေမဲ့ အဲဒီအသေးစားစီးပွားရေး လုပ်ငန်းတွေကြားမှာ ရိုးရာနည်းလမ်းနဲ့ကြော်ငြာသူတွေကိုလူကြိုက်များနေဆဲပါ။ ထူပြီး ထူးခြားဆန်းပြားတဲ့ဝတ်စုံတွေကိုဝတ် ဆင်ကာ ဗုံ(ဒါမှမဟုတ်)မောင်းတွေနဲ့သယ်ရလွယ်တဲ့ဂီတတူရိယာတွေကိုတီးခတ်ကြတဲ့ ရိုးရာနည်းလမ်းနဲ့ကြော်ငြာသူတွေကိုဂျ ပန်နိုင်ငံကလမ်းကျဉ်းနဲ့ လမ်းမတချို့ပေါ်မှာမြင်နေရဆဲဖြစ်သလို ၀ယ်ဖို့အလားအလာရှိတဲ့လူတွေကိုသီချင်းဆို၊ သရုပ်ဆောင်ပြီး ဆွဲဆောင်ကြပါတယ်။

ဟီဆာချီ နာဂါဒါကတော့ အသက်(၅၃)နှစ်အရွယ်ရှိတဲ့ရိုးရာနည်းလမ်းနဲ့ကြော်ငြာသူတစ်ယောက်ဖြစ်ပြီး (၂၄)နှစ်ကြာအောင် အဲဒီအလုပ်ကိုလုပ်ကိုင်ခဲ့တာပါ။ နာဂါဒါဟာအခုချိန်မှာတော့ စတူဒီယိုတစ်ခုနဲ့ အလုပ်သမား(၉)ယောက်ကို ပိုင်ဆိုင်ထားပြီး ပုံမှန်အားဖြင့်တစ်လကိုရိုးရာနည်းလမ်းနဲ့ကြော်ငြာမှုကို(၃၀)လောက်အထိမှာယူမှုရှိတယ်လို့သိရပါတယ်။ကြော်ငြာအတွက် လမ်းပေါ်မှာဖျော်ဖြေတာဟာခန္ဓာကိုယ်ကစွမ်းအင်တွေကုန်သလို တင်ဆက်သူတွေအနေနဲ့ မိုးရွာနေချိန်မှာဖြစ် ဖြစ်(ဒါမှမဟုတ်)နှင်းကျနေချိန်မှာဖြစ်ဖြစ်အလုပ်လုပ်ရပါတယ်။ ချီဟာရာ မတ်ဆူမိုတိုကတော့ ဗုံတီးသူတစ်ယောက်ဖြစ်ပြီး ဂျပန်ဂီ တကောလိပ်ကနေ ဘွဲ့ရပြီးချိန်ကတည်းက(၁၁)နှစ်လောက်ကြာအောင် ဗုံတီးတဲ့အလုပ်ကိုလုပ်ကိုင်နေတာပါ။

 ဖျော်ဖြေမှုမလုပ် ခင်အချိန်မှာ ဗုံတီးမှုအဆင့်သင့်ဖြစ်ဖို့ မတ်ဆူမိုတိုအနေနဲ့အနည်းဆုံးအချိန်(၂)နာရီလောက်ယူရပါတယ်။နာဂါဒါရဲ့အဖွဲ့လိုမျိုး ရိုးရာနည်းလမ်းနဲ့ကြော်ငြာတဲ့အဖွဲ့တစ်ဖွဲ့ကိုအလုပ်အပ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ(၁၅၀၀)ကျသင့်ပြီး စား သောက်ဆိုင်နဲ့ အ၀တ်အစားလျှော်တဲ့ဆိုင်တို့လိုငွေချွေတာရတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက်တော့ အဲဒီပမာဏက အဆင်ပြေမှုရှိသလို ရိုးရာနည်းလမ်းနဲ့ကြော်ငြာသူတွေအတွက် ဖောက်သည်အဓိကအရင်းအမြစ်လည်းဖြစ်ပါတယ်။မေလတိုင်းမှာ ဂျပန်အမျိုးသားပြိုင်ပွဲအတွက် အီချီနိုမီရာမြို့မှာ ဂျပန်နိုင်ငံတစ်ဝန်းကရိုးရာနည်းလမ်းနဲ့ကြော်ငြာသူတွေစုဝေးကြ ပါတယ်။ အခုနှစ်မှာတော့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဟိုင်ဂီဝါရာ ချင်ဒွန်ပွဲတော်ကို တနင်္ဂနွေနေ့မှာကျင်းပခဲ့ပြီး အဖွဲ့(၂၀)က ပါဝင်ယှဉ်ပြိုင်သူအယောက်(၆၀)ရှိခဲ့ပါတယ်။ အဲဒီယှဉ်ပြိုင်မှုဟာသက်တမ်း(၅၃)လောက်ရှိနေပြီး ဒေသအထိမ်းအမှတ်တစ်ခုဖြစ် လာသလို ဒေသခရီးသွားလုပ်ငန်းကိုလည်းမြှင့်တင်ပေးနေပါတယ်။

 

 

 

Related News