ပြီးခဲ့တဲ့(၄)လအတွင်းပထမဆုံးအနေနဲ့ ဗင်နီဇွဲလား-ကိုလံဘီယာနယ်စပ်ဂိတ်တွေစနေနေ့မှာပြန်ဖွင့်လိုက်လို့ လူသောင်း ချီနယ်စပ်ကိုဖြတ်ခဲ့ကြတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက အမေရိကန် ဦးဆောင်ပြီး ပေးတဲ့အထောက်အပံ့ပစ္စည်းတွေကိုနယ်စပ်ကနေယူလာပေးဖို့ပြင်ဆင်နေလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ဗင်နီဇွဲလားသမ္မတနီကိုလပ်စ် မာဒူရိုကပိတ်ခဲ့တာပါ။ ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြောအရစနေနေ့မှာတင် ဗင်နီဇွဲလားနိုင်ငံသား(၃၀၀၀၀)ကျော် ၀င်ရောက်ခဲ့ပြီးညနေပိုင်းလောက်မှာ ပြန်ထွက် သွားသူ(၃၇၀၀၀)နီးနီးရှိတယ်လို့ သိရပါတယ်။ နှစ်နဲ့ချီနေတဲ့စီးပွားရေးအကြပ်အတည်းကြောင့် ဗင်နီဇွဲလားနိုင်ငံမှာ အခြေခံ လူသုံးကုန်တွေ ပြတ်တောက်နေပါတယ်။ (၂၀၁၅)ခုနှစ်နောက်ပိုင်းမှာဗင်နီဇွဲလားနိုင်ငံကနေ လူ(၄)သန်းလောက် ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ပြောပါတယ်။

 

 

Related News