ပင်လယ်နီနဲ့ မြေထဲပင်လယ်ကြားမှာတည်ရှိတဲ့ ဆိုင်နိုင်းကျွန်းဆွယ်ကစစ်သွေးကြွတွေနဲ့ အီဂျစ်စစ်တပ် တို့ကြားတိုက်ပွဲတွေ ဆက်ဖြစ်နေလို့ အီဂျစ်စစ်တပ်ကလက်နက်ကိုင်တပ်သားထောင်ချီကိုတပ်ဖြန့်ထားပါတယ်။အီဂျစ်စစ်တပ်နဲ့ ဆိုင်နိုင်းကျွန်းဆွယ်ရဲ့မြောက်ဖျားပိုင်းကိုအဓိကအခြေပြုထားတဲ့ စစ်သွေးကြွတို့ကြားတိုက်ပွဲတွေဆက်ဖြစ်နေပြီး ဆိုင်နိုင်းကျွန်းဆွယ်၊ ရာဖာဒေသမှာ နောက်ဆုံးဖြစ်ထားတဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အီဂျစ်စစ်သား(၈)ယောက်သေဆုံး ခဲ့ပါတယ်။ အီဂျစ်စစ်တပ်ကလည်း အဲဒီစစ်သွေးကြွတွေကိုလက်တုံ့ပြန်နှိမ်နင်းနေတာပါ။ အိဒ် အယ်လ်ဖစ်ဒါပွဲတော်တွေ ကျင်းပ နေတဲ့ ဗုဒ္ဓဟူးနေ့မှာတိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ ဆိုင်နိုင်းကအစွန်းရောက်စစ်သွေးကြွအဖွဲ့တွေရဲ့အင်အားနဲ့ပတ်သက်ပြီး မေးခွန်း ထုတ်မှုတွေမြင့်တက်နေပါတယ်။  

လစ်ဗျားနိုင်ငံအနောက်ပိုင်းသဲကန္တာရနယ်စပ်တွေနဲ့ အနောက်တောင်ပိုင်းတို့အပြင် ဂါဇာအ ရှေ့ပိုင်းနယ်စပ်တွေက တရားမ၀င်ဥမင်လှိုဏ်ခေါင်းတွေကိုသုံးပြီး အီဂျစ်နိုင်ငံပြင်ပကနေလက်နက်တွေမှောင်ခိုသွင်းနေလို့ တိုက် ခိုက်မှုတွေဆက်ဖြစ်နေတာဖြစ်နိုင်တယ်ဆိုပြီး အီဂျစ်ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာအယ်လ်မာဆရီ အယ်လ်ယွန်မှာဖော်ပြထား ပါတယ်။ (၂၀၁၃)ခုနှစ်က ရှိတ်ခ် ဇူးဝတ်ဒ်၊ ရာဖာနဲ့ အယ်လ် အဲရစ်ခ်ျမြို့တို့မှာ စစ်သွေးကြွတွေစတင်အခြေချခဲ့ပြီး အီဂျစ်စစ် တပ်ကသူတို့ကိုခြေမှုန်းပြီးနောက် အဲဒီမြို့တွေကနေ စစ်သွေးကြွတွေဆုတ်ခွာခဲ့ပေမဲ့ ကျယ်ပြန့်တဲ့သဲကန္တာရထဲမှာပုန်းနေတယ်လို့ ယူဆနေကြပါတယ်။ ဆိုင်နိုင်းကျွန်းဆွယ်ကစစ်သွေးကြွတွေကိုအမြစ်ပြတ်ချေမှုန်းဖို့ အီဂျစ်စစ်တပ်က လက်နက်ကိုင်တပ်သား ထောင်ချီကိုတပ်ဖြန့်ထားပေမဲ့ ဒါကလွယ်ကူတဲ့ တိုက်ပွဲမျိုးဖြစ်မှာမဟုတ်ဘူးဆိုပြီး ကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။

 

 

Related News