တရုတ်နိုင်ငံတောင်ပိုင်း၊ ဟေးနန်ပြည်နယ်ကမ်းခြေကနေကယ်ဆယ်ခဲ့တဲ့ ဝေလငါးကြီးတစ်ကောင်ဟာဇွန်လ(၁၀)ရက်မှာသေ ဆုံးခဲ့ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ငါးဖမ်းသမားတွေ ဇွန်လ(၇)ရက်က စန်ရာမြို့ကနေကယ်ဆယ်ခဲ့တဲ့ ဒဏ်ရာရထားတဲ့အဲဒီဝေလ ငါးကြီးဟာအသည်းပျက်စီးတဲ့ဝေဒနာကိုခံစားနေရလို့ တရုတ်သိပ္ပံအကယ်ဒမီရဲ့ပင်လယ်သိပ္ပံနဲ့အင်ဂျင်နီယာ အဖွဲ့အစည်းကိုပို့ ပေးခဲ့ပါတယ်။ အဲဒီဝေလငါးဟာအမဖြစ်ပြီး (၃.၂)မီတာရှည်လျားသလို အလေးချိန်အားဖြင့်(၅၀၀)ကီလိုဂရမ်ရှိပါတယ်။ အဲဒီဝေ လငါးကြီးကိုရေငုပ်သမားတွေ၊ နိုင်ငံခြားသားကျွမ်းကျင်သူတွေနဲ့ အပြာရောင်ဖဲကြိုးသမုဒ္ဒရာထိန်းသိမ်းရေးအသင်းကစေတနာ့ဝန် ထမ်းတွေက (၂)ရက်ကြာအထူးကြပ်မတ်စောင့်ရှောက်ကုသမှုတွေပေးခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ဝေလငါးကြီးဟာဇွန်လ(၁၀)ရက် မှာ သေဆုံးခဲ့ပါတယ်။

 

 

Related News