အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာတနင်္လာနေ့ကရဟတ်ယာဉ်တစ်စင်းအရေးပေါ်ဆင်းသက်ရင်းပျက်ကျခဲ့လို့ လူ(၁)ယောက် သေဆုံးခဲ့ပြီးပျက်ကျရတဲ့အကြောင်းရင်းကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အမေရိကန်နိုင်ငံ၊နယူးယောက်မြို့ရဲ့မန်ဟက်တန်မြို့လယ်မှာတနင်္လာနေ့ကမိုးမျှော်တိုက်ခေါင်မိုးပေါ်ကိုရဟတ်ယာဉ်တစ်စင်းအရေးပေါ်ဆင်းသက်ခဲ့ပြီးနောက် လူ(၁)ဦးသေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။ မြို့လယ်ကအထပ်(၅၀)ရှိ ရုံးအဆောက်အအုံတစ်ခုပေါ်မှာပျက်ကျခဲ့တာပါ။ ရဟတ်ယာဉ်ပျက်ကျလို့ မီးလောင်ခဲ့ပေမဲ့ အမြန်ဆုံးမီးထိန်းနိုင်ခဲ့တယ်လို့ နယူးယောက်မီးသတ်ဌာနကပြောပါတယ်။ အခင်းဖြစ်ရာနေရာကိုအရေးပေါ်ကယ်ဆယ်ရေးသမားတွေသွားခဲ့လို့ မိုးမျှော်တိုက် နားက လမ်းတွေပိတ်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျချိန်မှာအဆောက်အအုံလှုပ်သွားတယ်လို့ အဆောက်အအုံမှာ အလုပ်လုပ် ကြတဲ့ လူတွေကမီဒီယာတွေကိုပြောပါတယ်။ အသိအမှတ်ပြုထိုက်တဲ့လုပ်ရပ်အတွက် အခင်းဖြစ်ရာမှာပထမဆုံးကယ်ဆယ်ခဲ့ သူတွေကိုကျေးဇူးတင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကတွစ်တာမှာပြောပါတယ်။ ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်ဟာ မစ်တောင်းမှာ ပျံသန်းခွင့်ရသလားဆိုတာနဲ့ မြုတွေနဲ့မိုးတွေကြောင့် ပျက်ကျခဲ့သလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်က အဂတ်စတာA109Eအမျိုးအစားလို့ အမေရိကန်ဗဟိုလေကြောင်းအုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပြီး စုံစမ်းစစ်ဆေးမှုတွေကိုအမေရိကန်အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံစေရေးဘုတ်အဖွဲ့ကဦးဆောင်ပြုလုပ်သွားမှာပါ။

 

 

Related News