ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးနေမာကို လက်ရှိအပြောင်းအရွှေ့ကာလမှာ ထိုက်တန်တဲ့ ပြောင်းရွှေ့ ကြေးရရှိပါက လက်လွှတ်သွားမယ်လို့သိရပါတယ်။ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဘာပေနဲ့ နေမာတို့ကိုရောင်းချသွားမှာမ ဟုတ်ကြောင်းထုတ်ပြန်ခဲ့ ပေမယ့်လည်း လက်ရှိမှာထွက်ပေါ်လာတဲ့သတင်းတွေအရ နေမာကိုထိုက်တန်တဲ့ ပြောင်းရွှေ့ ကြေးနဲ့ကမ်းလှမ်းလာမယ့်အသင်း ထံကို ရောင်းချသွားတော့မှာဖြစ်ပါတယ်။ နေမာဟာ (၂၀၁၇) ခုနှစ်က ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ ကြေးပေါင် (၁၉၈) သန်းနဲ့ ဘာစီလိုနာအသင်းကနေပြောင်းရွှေ့ လာခဲ့ပြီး၊ (၂) နှစ် အကြာမှာတော့ ပီအက်စ်ဂျီအသင်းကနေ ပြန်လည်ပြောင်းရွှေ့ ဖို့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နေမာကို ခေါ်ယူဖို့အတွက် အသင်းဟောင်းဘာစီလိုနာအသင်းနဲ့ ရီးရဲယ်လ်မက်ဒရစ် အသင်းတို့ကပစ်မှတ်ထားနေခဲ့ပေ မယ့် မြင့်မားတဲ့ပြောင်းရွှေ့ ကြေးပမာဏကြောင့် ခေါ်ယူနိုင်ဖို့မလွယ်ကူတာဖြစ်ပါတယ်။

 နေမာဟာ (၂၀၁၈-၁၉) ဘောလုံးရာသီအတွင်းမှာ သူ့ရဲ့ အပြုအမူတွေကြောင့် ပွဲပယ်ပြစ်ဒဏ်တွေကျခံရဖို့ရှိနေပြီး၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်နဲ့ Personal ကိစ္စရပ်တွေကြောင့်လည်း အမျိုးသမီးတစ်ဦးရဲ့ တရားစွဲဆိုမှုကိုခံထား ရတာဖြစ်ပါတယ်။ ပြည်ပမီဒီယာတွေရဲ့ ဖော်ပြမှုအရ ပီအက်စ်ဂျီအသင်းဟာ နေမာရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအပြုအမူတွေကြောင့် ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ဘာပေတစ်ဦးတည်းကိုသာ အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့လုပ် ဆောင်နေခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်း ဟာ နေမာအပြင် ၀ါရင့်တိုက်စစ်မှူးကာဗာနီကိုလည်း ရောင်းချသွားဖို့ရှိ နေပြီး၊ လာမယ့်ရာသီသစ်မှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းက အပြောင်းအလဲတွေမြင်တွေ့ ရဖို့ရှိနေခဲ့ပါတယ်။  ပီအက်စ်ဂျီအသင်းဟာ ကစားသမားသစ်ခေါ်ယူမှု အပိုင်းမှာ တော့ အေဂျက်ဇ်အသင်းနဲ့ နယ်သာလန် လက်ရွေးစင်နောက်ခံလူဒီလိုက်ကို မြင့်မားတဲ့လစာပမာဏနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

 

 

Related News