ဆာအီတာမာ စီ ရင်စုမှာကျင်းပတဲ့ ဂျပန်နိုင်ငံရဲ့အကြီးဆုံးဘီယာပွဲတော်မျာ ခရက်ဖ်ဘီယာချစ်သူ(၁)သိန်းကျော်စုဝေးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ၊ ဆာအီတာမာစီရင်စုမှာခရက်ဖ်ဘီယာချစ်သူ(၁)သိန်းကျော်စုဝေးခဲ့ကြပြီး ဂျပန်နိုင်ငံရဲ့အကြီးဆုံးဘီယာပွဲတော်မှာ ကမ္ဘာ့အဆင့်ရှိခရက်ဖ်ဘီယာာတွေကိုသူတို့ကိုယ်တိုင်သုံးဆောင်နေကြပါတယ်။ အဲဒီဘီယာပွဲတော်ကို ကမ္ဘာတစ်ဝန်းကဘီယာ ထုတ်လုပ်သူ(၈၀)လာရောက်ခဲ့ပြီး ခရက်ဖ်ဘီယာအမျိုးအစား(၄၀၀)နီးပါးကိုပြသခဲ့တာပါ။ အခုနှစ်မှာ ဂျပန်ဘီယာထုတ်လုပ်သူ တွေက နိုင်ငံခြားသားတွေအတွက် အရသာသစ်တွေကိုပြင်ဆင်ခဲ့ပြီး တမူထူးခြားတဲ့ဘီယာအရသာကိုပေးနိုင်ဖို့ ဖရဲသီးနဲ့ ပန်းင ရုတ်တို့လို ပစ္စည်းသစ်တွေကိုထည့်သွင်းခဲ့ပါတယ်။ ဘီယာတစ်ခွက်ကို အမေရိကန်ဒေါ်လာ(၂.၈)ဒေါ်လာကနေ (၉)ဒေါ်လာအထိ ရောင်းချပါတယ်။ ဘီယာသောက်ဖို့ နေရာကျယ်ကြီးတစ်ခုကို ပွဲတော်စီစဉ်သူတွေကပြင်ဆင်ထားပြီး နိုင်ငံခြားခရီးသွား(၅၀၀) လောက်အထိဝင်ဆံ့နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာကလေးမွေးဖွားမှုနှုန်းကျဆင်းလာလို့မကြာသေးခင်နှစ်တွေအတွင်းအရက်သောက် သုံးမှုသိသိသာသာကျဆင်းလာတဲ့အပြင် နှစ်စဉ်ဘီယာရောင်းရမှုနှုန်းလည်းကျဆင်းခဲ့တာပါ။ ဒါကြောင့်ဝယ်သူတွေကိုဆွဲဆောင် နိုင်ဖို့ ၀ယ်သူတွေအကြိုက်ကိုအခြေခံပြီး အရသာသစ်မျိုးစုံကို ဂျပန်ဘီယာထုတ်လုပ်သူတွေကစတင်ထုတ်လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်(၂၀)လောက်ကတည်းက ဂျပန်ခရက်ဖ်ဘီယာထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ဘီယာတွေကို သူတို့ရဲ့ပထ၀ီအနေအထားနဲ့ ဒေသအကြိုက်ကိုလိုက်ပြီးထုတ်လုပ်ခဲ့ကြပါတယ်။

 

 

Related News