ဂျပန်နိုင်ငံမြောက် ပိုင်းမှာ ပြင်းအား(၆.၇)မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့လို့ လူ(၁၆)ယောက်ဒဏ်ရာရခဲ့တဲ့အပြင် ဂျပန်မိုးလေ၀သအေဂျင်စီက လည်းဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ အင်္ဂါနေ့ညပိုင်းကပြင်းအား(၆.၇)မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့လို့ လူ(၂၆)ယောက်ဒဏ်ရာရခဲ့တဲ့ အပြင် မြေပြိုမှုတွေနဲ့ တချို့ဒေသတွေမှာဓာတ်အားပြတ်တောက်မှုတွေဖြစ်စေခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် လူပျောက်ဆုံး နေတယ်ဆိုတဲ့အကြောင်းကြားမှုမျိုးမရှိသေးပေမဲ့ ထိခိုက်ခဲ့တဲ့ဒေသတွေကလူ(၈၀၀)ကျော်ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ ဂျပန်မီး သတ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီကပြောပါတယ်။ ငလျင် ကြောင့်အဆောက်အအုံပြိုကျမှုတွေဖြစ်နိုင်သလို နောက်ထပ် မြေပြိုမှုတွေလည်းဖြစ်နိုင်တယ်ဆိုပြီး ဂျပန်မိုးလေ၀သအေဂျင်စီက သတိပေးထားပါတယ်။ နီအီဂါဒါနဲ့ ယာမာဂါတာစီရင်စုတွေက နေအိမ်(၉)ထောင်ကျော်မှာ ဓာတ်အားပြတ်တောက်မှုတွေရှိခဲ့တယ်လို့ တိုဟိုကူလျှပ်စစ်ဓာတ်အားကုမ္ပဏီက ပြောပါတယ်။ ငလျင် ကြောင့် ကျည်ဆန်ရထားဝန်ဆောင်မှုတွေကိုနှောင့်နှေးခဲ့လို့ လူ(၁)သောင်းဝန်းကျင်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်ငလျင် လှုပ်ခတ်ပြီး နာရီပိုင်းအကြာမှာဂျပန်မိုးလေ၀သအေဂျင်စီက ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ (၂၀၁၁)ခုနှစ်က ဂျပန်နိုင်ငံမှာအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းကြီးတွေဖြစ်ပေါ်ခဲ့ပြီး ဖူကူရှီးမား နျူုကလီးယားစက်ရုံ အရည်ပျော်ခဲ့တဲ့အပြင် လူ(၁၅၀၀၀)ကျော်သေဆုံးခဲ့ပြီး နောက်ထပ်လူ(၂၅၀၀)ပျောက်ဆုံးခဲ့ပါတယ်။


 

Related News