လေထုညစ်ညမ်းမှုလျှော့ချဖို့ ရည်ရွယ်ပြီး အင်ဒိုနီးရှားအဌားကားကုမ္ပဏီတစ်ခုကလျှပ်စစ်အငှားကားတွေကိုစတင်ဖြန့်ချိ ခဲ့ပြီး အဲဒီကားတွေထဲမှာ BYDနဲ့ Teslaမော်တော်ကားကုမ္ပဏီတို့က ကားတွေလည်း ပါဝင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့အကြီးဆုံး အငှားကားကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ ဘလူး ဘတ်ဒ်က လေထုညစ်ညမ်းမှုကိုကူညီလျှော့ချဖို့ ပထမဆုံးလျှပ်စစ်အငှားကားတွေကို မကြာသေးခင်ကဖြန့်ချိခဲ့ပါတယ်။ ဖြန့်ချိလိုက်တဲ့ကားတွေထဲမှာ တရုတ်နိုင်ငံအခြေစိုက် BYD မော်တော်ကားကုမ္ပဏီက ယာဉ်(၂၅)စီးနဲ့ ဗြိတိန်အခြေစိုက် Teslaမော်တော်ကားကုမ္ပဏီက ယာဉ်(၄)စီးတို့ပါဝင်ပါတယ်။ အဲဒီ ယာဉ်တွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ပထမဆုံးလျှပ်စစ်အငှားကားတွေအဖြစ် မောင်းနှင်နိုင်တော့မှာဖြစ်တယ်လို့ ဘလူး ဘတ်ဒ်က ပြောပါတယ်။ လာမယ့်(၂၀၂၀)ခုနှစ်မှာ လျှပ်စစ်အဌားကားအစီး(၂၀၀)အထိ တိုးချဲ့လည်ပတ်ပေးနိုင်ဖို့ ကုမ္ပဏီဘက်ကရည်မှန်း ထားတာပါ။ အဲဒီရည်မှန်းချက်သာအောင်မြင်ခဲ့မယ်ဆိုရင် လေထုထဲက ကာဗွန်အောက်ဆိုဒ်(၄၃၀၀၀၀)ကီလိုဂရမ်ကျော်ကို ဖယ် ရှားပေးနိုင်မှာဖြစ်ပြီး အဲဒီပမာဏဟာ(၁.၈၉)သန်းလီတာရှိတဲ့လောင်စာဆီသုံးစွဲမှုနဲ့လည်းညီမျှပါတယ်။ ဘလူးဘတ်ဒ် ဟာအင်ဒိုနီး ရှား အစိုးရဆီကအထောက်အပံ့တွေကိုလည်းရရှိခဲ့လို့ လာမယ့်(၂၀၂၅)ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံတွင်းထုတ်လုပ်တဲ့ ကားအားလုံး ရဲ့ (၂၀)ရာခိုင်နှုန်းက လျှပ်စစ်ကားတွေဖြစ်ဖို့ ပစ်မှတ်ထားနေပါတယ်။

 

Related News