ရှန်ဟိုင်းလမ်းမပေါ်မှာ go-kart ခေါ်ယာဉ်တစ်မျိုးကိုစီးနင်းခဲ့တဲ့အမျိုးသားဟာ တရုတ်ယွမ်ငွေ(၁၀၀၀)ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အဲဒီအမျိုးသားက go-kartကိုဘိုရှန်ခရိုင်မှာ ဇွန်(၂၃)ရက်ကစီးနင်းခဲ့တာဖြစ်ပေမဲ့ သူစီးနင်းခဲ့တဲ့ရုပ်သံဖိုင်ဟာ အွန်လိုင်းမှာပျံ့ခဲ့လို့ ရဲတွေကသတိထားမိခဲ့ပြီး အခုလိုဒဏ်ရိုက်ခံရတာဖြစ်ပါတယ်။ ရှန်ဟိုင်းမှာgo-kartတွေဟာ ပြည်သူပိုင်လမ်းတွေပေါ်မှာ စီးနင်း ခွင့်ပိတ်ပင်ခံထားရတဲ့ ယာဉ်အမျိုးအစားဖြစ်ပါတယ်။ တကယ်တော့ အဲဒီgo-kartကို ပြစ်မှုကျူးလွန်ခဲ့တဲ့အမျိုးသားရဲ့မြေးက ပိုင်ဆိုင်တာဖြစ်ပါတယ်။ အဲဒီနေ့ကသူ့မြေးနဲ့ကစားနေတုန်း သူ့လုပ်ငန်းကနေ အရေးပေါ်ဖုန်းခေါ်ခဲ့လို့အလျင်လိုပြီး သူ့မြေးဆီက နေ go-kartကိုဌားဖို့အကြံရခဲ့တာလို့ ပြစ်မှုကျူးလွန်ခဲ့တဲ့အမျိုးသားကပြောပါတယ်။ ဆက်ခ်ျဝေးစ်၊ အီလက်ထရောနစ်စကူတာ တွေနဲ့ ရွေ့လျားနိုင်တဲ့ကိရိယာတွေကို အရွယ်ရောက်ပြီးသားလူတွေအနေနဲ့ ရှန်ဟိုင်းကလမ်းတွေပေါ်မှာစီးနင်းခွင့်မရှိဘူးလို့  ရဲအရာရှိတစ်ဦးက အလေးပေးပြောကြားခဲ့ပါတယ်။

 

 

 

Related News